MNP - မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မြောင်းမြခရိုင်၊ မြောင်းမြမြို့ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း၌ လေးခန်းတွဲ လေးထပ်ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်ခန့်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးဒေါက်တာ ဦးဇော်မင်းထွန်း၊ မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်း၊ မြောင်းမြခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးမောင်မောင်ရွှေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် လေးခန်းတွဲ လေးထပ် ဆေးရုံဝန်ထမ်းအိမ်ရာ (အဆောက်အဦဆိုင်းဘုတ်)အား အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်းပေးခဲ့ကြပြီး၊ မြောင်းမြမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဦးထွန်းထွန်းဝင်းက ဧရာဝတီတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာဦးဇော်မင်းထွန်းအား ဖွင့်ပွဲအထိမ်းအမှတ်တံဆိပ်အား ပေးအပ်ခဲ့သည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ဝန်ထမ်းအိမ်ရာအား လှည်လည်ကြည့်ရှုခဲ့ကြသည်။ လေးခန်းတွဲ၊ လေးထပ် ဆေးရုံဝန်ထမ်းအိမ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment