Pages

Pages

(၇၇)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုအမျိုးသားလျှပ်စစ်ဓါတ်အား NEP-Phase-2 စီမံကိန်း ဖြင့်‌ ‌တလုပ်ပင်‌ကျေးရွာလျှပ်စစ်မီးလင်းရေး အောင်ပွဲကျင်းပ




MNP - မတ်   ၂၈

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမျိုးသားလျှပ်စစ်ဓါတ်အား ရရှိရေး စီမံကိန်းNEP-phase-2ဖြင့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပါင်း ၅၉ရွာတို့အား လျှပ်စစ်ဓါတ်အားရရှိရေးအတွက်(၄၂၇၅၅၅၅၁၈)ကျပ်ဖြင့် တည်‌ ဆောက်လျက်ရှိရာမတ်လ(၂၇)ရက်ညနေ(၄)နာရီကတောင်တွင်းကြီးမြို့နယ် ဟင်းဂရော်အုပ်စု၊ တလုပ်ပင်ကျေးရွာ လျှပ်စစ်မီးလင်း ခြင်းအထိမ်းအမှတ်အောင်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသက်ခိုင်ထွန်း၊ အဖွဲ့ဝင်(၂)ဦး လှသောင်းတို့က အမှာစကားအသီးသီးပြောကြားခဲ့ပြီး မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ AE ဦးဝင်းကိုက လျှပ်စစ်သုံးစွဲမှုနှင့်လျှပ်စစ်အန္တရာယ်ကင်းရှင်း‌ ရေးအ‌တွက် ဆောင်ရန်/ရှောင်ရန် များကို ကျေးရွာပြည်သူများအား အကျယ်တစ်ဝင့် ရှင်းလင်းဆွေးနွေးခဲ့ရာ ကျေးရွာပြည်သူများ ကိုယ်စား လျှပ်စစ်မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်‌ကျော်က ယခင်ကဖယောင်းတိုင်မီးကိုသာ သုံးစွဲခဲ့ရာမှ ယခုအခါ လျှပ်စစ်မီးအလင်းရောင် ရရှိပြီဖြစ်၍ ကျောင်းသား၊ ကျောင်းသူများနဲ့ ဒေသခံပြည်သူများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်တော့မည်ဖြစ်၍ ဝမ်းသာပီတိဖြစ်ရပါကြောင်း ပြောကြားခဲ့သည်။

ထိုနောက် ထရန်စဖော်မာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သက်ခိုင်ထွန်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ တလုပ်ပင်ကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ၁၁၀ကေဗွီ အေထရန်စဖော်မာ ၁လုံး၊ ၅၀ကေဗွိအေထရန်စ‌ ဖော်မာ၁လုံးနှင့် ၁၁ကေဗွီလိုင်း အတွက် ငွေကျပ် (၅၀၀)သိန်း‌ ကျော်တန်ဘိုးရှိ‌ ဆက်စပ်ပစ္စည်များပေးအပ်ခဲ့ပြီး ကျေးရွာပြည်သူ(၂၈၈) အိမ်ထောင် စုတို့မှ တည်ဆောက်စရိတ့်စုစုပေါင်းငွေကျပ် (၃၀၀)သိန်း အကုန်အကျခံ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment