MNP ၊ မတ် ၂၁
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
ထိုသို့ ညှိနှိုနင်းအစည်းအဝေးတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ဦးခင်မောင်သန်းက ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း၊ ထိုမုန်တိုင်းငယ်မှာ မြန်မာနိုင်ငံကိုကိုးကျွန်းအနီးသို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီး ကျွန်းအနီးသို့လည်းကောင်း၊ ရခိုင်ကမ်းရိုးတန်းအနီးသို့လည်းကောင်းရောက်ရှိ နိုင်မည်ဟုမိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မုန်တိုင်းသတိပေးချက်ထုတ် ပြန်ထားပါကြောင်း၊ မိမိတို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် မုန်တိုင်းသက်ရောက်မှုခံစားရနိုင်သော ဒေသများတွင်လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများစတင်ဆောင် ရွက်စေခြင်း၊ မုန်းတိုင်းသတင်းကို စဉ်ဆက်မပြတ်ရယူ၍ လိုအပ်သလိုပြောင်းလဲဆောင်ရွက်စေခြင်း၊ ကောလဟာလသတင်းများကြောင့် ပြည်သူများအထိတ်တလန့်မဖြစ်စေရေး သက်ဆိုင်ရာလုပ်ငန်းကော်မတီများက သတင်းမှန်များ ကြေညာပေးခြင်း၊ ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများကို အသိပေးထုတ်ပြန်ခြင်း၊ အချိန်နှင့်အမျှပြောင်းလဲဖြစ်ပေါ်တတ်သည့် မုန်တိုင်း၏သဘောသဘာဝအရ မုန်တိုင်းအဆင့်ပိုမိုပြင်းထန်နိုင်ချေရှိပါက ရွှေ့ပြေင်းနိုင်ရန် ဘေးလွတ်ရာနေရာများအား ပြန်လည်စိစစ် ပြင်ဆင်ခြင်းစသည့် ပြင်ဆင်ဆောင်ရွက်ရန်များကို ဆောင်ရွက်ရန်၊ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ညွှန်ကြားချက်များနှင့် အညီ သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်များကို အားလုံးဝိုင်းဝန်းဆွေးနွေးပြီး ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ၏ ညွှန်ကြားချက်အား ရှင်းလင်းဆွေးနွေးခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီ အသီးသီးမှ တာဝန်ရှိသူများအနေဖြင့် လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းသက်ရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ ထိခိုက်မှုနည်းပါးစေရေးတို့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော သဘာဝဘေးအန္တာရယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်များ ဖြစ်ကြသည့် လုပ်ငန်းကော်မတီများအလိုက် သဘာဝဘေးအန္တရာယ်နှင့်မုန်တိုင်းသတင်းများကို အချိန်နှင့်တပြေးညီသတင်းထုတ်ပြန်နိုင်ရေး၊ ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် ပြင်ဆင်စုဆောင်းထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုအဖွဲ့များဖွဲ့စည်းထားရှိမှု၊ ကယ်ဆယ်ရေးပစ္စည်းများစုဆောင်ထားရှိမှု၊ သဘာဝဘေးအန္တရာယ်ကျ ရောက်လာပါက ခိုလှုံရာနေရာများတည်ဆောက်ထားရှိမှုနှင့် ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်တွင် သဘာဝဘေး အန္တရာယ်ကျရောက်လာပါက ပြည်သူများအားပြောင်းရွှေ့နိုင်မည့် နေရာများအခြေအနေတို့ကို ရှင်းလင်း တင်ပြခဲ့ကြကြောင်း သိရသည်။
သတင်း - သိန်းထွန်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment