ကန့်ဘလူမြို့တွင် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့တွင် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး


MNP - မတ်    ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေး အတွက် လမ်း၊ တံတား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရ၏ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၇၈ သန်းဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ယမန်နှစ် နိုဝင်ဘာ လဆန်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများမှာ ရာနှုန်းပြည့် ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများမှာ အမှတ်(၁)ရပ်ကွက် ဘက်စုံလမ်းမ အလျား ၃၂၀ ပေ၊အကျယ် ၁၂ ပေ၊ ထု ၆ လက်မ၊ အမှတ်( ၃)ရပ်ကွက် ရွှေကျွန်းတောလမ်းသွယ် အလျား ၃၃၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မ၊ အမှတ်( ၁)ရပ်ကွက် ဦးမင်းကြီး( ၃)လမ်း Box Culvert တစ်စင်း၊ အမှတ်( ၂)ရပ်ကွက် နှင်းဆီလမ်း Box Culvert တစ်စင်း၊ အမှတ်( ၃)ရပ်ကွက် ရွှေကျွန်းတော လမ်းသွယ်( ၁) Box Culvert တစ်စင်း၊ အမှတ်( ၄)ရပ်ကွက် သရက် ခြံလမ်း Box Culvert တစ်စင်း၊ အမှတ်( ၅)ရပ်ကွက် ဦးရာဇာတ်လမ်းဘေး Box Culvert တစ်စင်း၊ အမှတ်( ၂) ရပ်ကွက် ရွှေယင်းမာလမ်း အလျား ၆၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု၃ လက်မကတ္တရာ ထပ်ပိုးလွှာခင်းခြင်း၊ အမှတ်(၄)ရပ်ကွက် ဗိုလ်အောင်ကျော်လမ်း (ဂုဏ်ရောင်ဓာတ်ပုံတိုက်ဘေး) အလျား ၉၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၃ လက်မကတ္တရာ ထပ်ပိုးလွှာခင်းခြင်း၊ အမှတ်( ၅)ရပ်ကွက် အောင်သစ္စာလမ်း အလျား ၁၀၀၀ ပေ၊အကျယ် ၁၂ ပေ ၊ထု ၃ လက်မကတ္တရာ ထပ်ပိုးလွှာခင်းခြင်း၊ မြို့တွက်းလမ်းပေါက်များဖာထေးခြင်း( ၈၂၈၀ စတုရန်းပေ)၊ မြို့ရေပေးရေးဂိတ်ဘားများနှင့် ပိုက်လိုင်းများ ပြုပြင်ခြင်း လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာဌာနမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကန့်ဘလူမြို့ပေါ် ရပ်ကွက်များရှိ တြိဂံများ၊ လမ်းလယ်ကျွန်းများနှင့် လမ်းဘေးဝဲယာများတွင်လည်း အလှသစ်ပင်များ စိုက်ပျိုးခြင်းကို စနစ်တကျ ဆောင်ရွက်ထားကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းကြောင့် မြို့၏စိမ်းလန်းစိုပြည်ရေးကို အထောက်အကူပြုကြောင်း၊ အဆိုပါသစ်ပင်များကို ပုံပန်းသဏ္ဍန်လှပအောင်ပုံဖော်ခြင်း၊ ပုံပျက်သွားလျှင် ဖြတ်ညှိပြုပြင်ပေးခြင်းနှင့် ရေသယ်ယာဉ်တစ်စီးဖြင့် ရေလောင်းပေးခြင်းစသည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ကန့်ဘလူမြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးစိုးလွင်ထံမှ သိရသည်။

သတင်း - အောင်ဝင်းငြိမ်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)