ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကျေးရွာသုံး၌ ကျေးလက်ရေပေးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကျေးရွာသုံး၌ ကျေးလက်ရေပေးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး



MNP -  မတ်     ၂၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာတွင် မြို့နယ်ကျေးလက်‌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျေးလက်ရေပေးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ခေါင်လန်ဖူးမြို့နယ်၊ ကောင်လိုလပ်ကျေးရွာအုပ်စု မကာလ်ထကျေးရွာနှင့် ချွန်ဒိမ်းကျေးရွာ၊ မန်ကွမ်ဒမ်းကျေးရွာအုပ်စု၊ ဝူးနင်ကျေးရွာတို့တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လပတ် ပြည်နယ်ဘဏ္ဍာခွင့်ပြုရန်ပုံငွေ တစ်ရွာလျှင် ကျပ်သန်းပေါင်း (၁၇.၅)သန်းစီဖြင့် ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလံ(၂၀၀၀)ဆံ့ရေစုကန်နှင့် ရေတားတမံများ ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်ပြီး ယင်းလုပ်ငန်းများပြီးစီးနေမှုအခြေအနေများကို မြို့နယ်လုပ်ငန်း အရည်အသွေးစစ်ဆေးရေးအဖွဲ့က ယခုလအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းကျေးရွာသုံးရွာတွင် ကျေးလက်ရေပေးရေးလုပ်ငန်းများ ပြီးစီးခြင်းကြောင့် မကာလ်ထကျေးရွာတွင် အိမ်ခြေ(၅)အိမ်၊ လူဦးရေ (၃၀)ဦး၊ ချွန်ဒိမ်းကျေးရွာတွင် အိမ်ခြေ (၇)အိမ်၊ လူဦးရေ (၄၇)ဦး၊ ဝူးနင်ကျေးရွာတွင် အိမ်ခြေ (၁၁)အိမ်၊ လူဦးရေ (၅၆)ဦးတို့ သောက်သုံးရေအတွက် များစွာအကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာများသည် ဝေးလံခက်ခဲသောတောင်ပေါ်ကျေးရွာများဖြစ်ခြင်းကြောင့် ယခင်က နွေရာသီတွင် ရေလုံလောက်စွာမရရှိခြင်း၊ ရေရရှိသော်လည်း အနည်နှင့်သဲများပါခြင်း၊ သန့်ရှင်းသည့် သောက်သုံးရေမရရှိခြင်းစသည့် အခက်အခဲများကြုံတွေ့ခဲ့ရပြီး ယခုအခါရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလံ(၂၀၀၀)ဆံ့ ရေစုကန်နှင့် ရေတားတမံများ ဆောက်လုပ်ပြီးစီးခြင်းကြောင့် ဒေသခံပြည်သူများအတွက် ရာသီမရွေး သန့်ရှင်းသည့် သောက်သုံးရေဖူလုံစွာ ရရှိတော့မည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သတင်း - ဖုန်ကန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)