အမ်းမြို့အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမ်းမြို့အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲ ကျင်းပ








MNP ၊ မတ်  ၂၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် ၌  လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟော ပြောပွဲကို  ယနေ့ နေ့လည် ွ(၁၁:၃၀)နာရီက အမ်းမြို့ ၊ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။ 


အခမ်းအနားတွင် အခြေခံပညာဦးစီးဌာနအမှတ် (၁)အထကကျောင်းအုပ်ကြီး ဦးခင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦစန်းဝင်းက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် လူငယ်တွေအတွက်ပညာရေး ဟာ အဓိကရည်မှန်းချက်ဖြစ်ပါကြောင်း လောကမှာ စာတတ်ဖို့ သာမက ပညာတတ်ဖို့ပါ ကြိုးစားကြစေလိုကြောင်း  အကျင့်စာရိတ္တကောင်းမွန်မှန်ကန်ဖို့နဲ့

စိတ်ဓာတ်ကောင်းဖို့ပါလိုအပ်ပါကြောင်း ပေါင်းသင်းဆက်ဆံရေးနှင့် ပတ်သက်၍ တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံရာမှာသိမ်မွေ့ချိုသာဖို့ အရေးကြီးပါကြောင်း ကျန်းမာရေးအနေနဲ့ ညီညွတ်တဲ့အစား အသောက် လတ်ဆတ်တဲ့အသီးအနှံ စားသုံးရန်လိုအပ်ပါကြောင်း နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေးအနေနဲ့ တိုင်းပြည်နှင့်လူမျိုးကိုချစ်တဲ့ ပြည်ထောင်စုစိတ်ဓာတ်မွေးမြူသွားကြရမှာဖြစ် ပါကြောင်းကျောင်းသား/သူများ အနေ ဖြင့်နောင်တစ်ချိန်တွင် နိုင်ငံနှင့်လူမျိုးအကျိုးအတွက်သယ်ပိုးထမ်း ရွက်လာကြရမည်ဖြစ်ပြီး ယခု အရွယ်မှစပြီးဗလငါးတန်နှင့် ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊အတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ နွေရာသီ ကျောင်း ပိတ်ရက်ရှည်ကာလများတွင်အချိန်ကို အကျိုးရှိစွာ အသုံးချ စေလိုကြောင်း၊ ပြင်ပဗဟုသုတရရှိစေရန် စာပေများဖတ်ရှုလေ့လာကြစေလိုပါကြောင်း ပြောကြားခဲသည်။ 


ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အား ကစားမှူး ဦးကျော်ဝေက လူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍအထူးလေ့လာလိုက် စားစေလိုကြောင်း၊  သို့မှသာကျန်းမာ ကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သောအားကစားသမား ကောင်း များဖြစ်လာမည်ဖြစ်ကြောင်း၊ နွေရာသီအားလပ်ရက်ရှည်ကာလတွင် အားကစာသင်တန်း  များတက်ရောက်ကာ အချိန်ကို အကျိုးရှိရှိ အသုံးချကြစေလိုပါကြောင်း အသိပညားပေးဟောပြော ခဲ့သည်။

     

ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ က အားကစားပစ္စည်းများအား ထောက်ပံပေးအပ်ရာကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနဝန်ထမ်းများက ကျောင်းသားကျောင်းသူများအား ၂၀၂၂ ခုနှစ်၊မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်း အမှတ်  သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


သတင်း - စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)