Pages

Pages

“ နာဂဇိန ရွှေတိဂုံပုံတူ ဆုတောင်းပြည့်စေတီတော် ” ရွှေထီးတော်တင်ပွဲ အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ


MNP - မတ်    ၁

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ကျက်သရေဆောင် ဓာတုသမိုင်းဝင် ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်၏ ကန်တော် မင်္ဂလာပေါ်တွင် တည်ထားကိုးကွယ်သည့်“ နာဂဇိန ရွှေတိဂုံပုံတူဆုတောင်းပြည့်စေတီတော်”စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူ ပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပသည်။

ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ထူးမခြားနား ဘုရားရောင်ခြည် တော်ဘွဲ့ဖြင့် ပူဇော်သည်။ထို့နောက် ကမာဝက်မြို့  ခြသေ့်ကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တစန္ဒကုမာရ(မဟာဂန္တဝါစက ပဏ္ဍိတ)မှ သြဝါဒမိန့်ကြားပြီး ဧည့်ပရိတ်သတ်များက သီလတော်မြတ်ခံယူကာ မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက ရွှေထီးတော်နှင့်လှူဖွယ်ဝတ္ထုများကို ဆရာတော်ကြီးများအား ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများကပင့်ဆောင်ပြီး စေတီတော်ကြီးအား လက်ယာရစ် သုံးပတ် လှည့်လည်ပူဇော်ကာ မင်္ဂလာရထားပျံကိုဆွဲတင်သည်။ထို့နောက် ဆရာတော်၊ သံဃာတော်များက

ဗုဒ္ဓါဘိသေက အနေကဇာတင်ပြီး အနုမောဒနာတရားချီးမြှင့်၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကာ ရတနာရွှေမိုး၊ငွေမိုးများရွာသွန်းခဲ့ကြောင်းသိရသည်။

သတင်း - အောင်မျိုးသူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment