Pages

Pages

ကျိုက်မရောမြို့နယ်တွင် ပညာရေးဝန်ထမ်းများအား လုပ်ငန်းတာဝန်များ ကျေပွန်စွာ ဆောင်ရွက်နိုင်ရန် စီမံခန့်ခွဲမှု သင်တန်း ဖွင့်လှစ်





MNP - မတ်     ၁

မော်လမြိုင်ခရိုင်၊ ကျိုက်မရော မြို့နယ်အတွင်းရှိ ပညာရေး ဝန်ထမ်းများအား လုပ်ငန်းတာဝန်များ ကျေပွန်စွာ ဆောင်ရွက်နိုင်ရန်အတွက် စီမံခန့်ခွဲမှု သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက အ.ထ.က ကျိုက်မရော (ပညာအားမာန်)ခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်း၌ ကျိုက်မရော မြို့နယ်လက်ထောက် ပညာရေးမှူး ဦးဉာဏ်လင်း(စီမံ)က သင်တန်းဖွင့် အမှာစကားပြောကြားပြီး စီမံခန့်ခွဲရေး ဘာသာရပ်ကို သင်ကြားပို့ချပေးကာ ဒုတိယမြို့နယ် ပညာရေးမှူး ဦးလှမိုးက ဘဏ္ဍာရေး အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းသင်ကြားပို့ချရာ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ စုစုပေါင်း(၁၅၅)ဦး တက်ရောက် ခဲ့ကြကြောင်း သိရသည်။

သတင်း - ချိုမြတ်မြတ်ထွေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment