ရမ်းဗြဲမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုစာစစ်ဌာန(၁၀)ခုတွင် ကျောင်းသား/ ကျောင်းသူ ( ၂၂၃၀ )ဦး ဝင်ရောက်ဖြေဆိုမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုစာစစ်ဌာန(၁၀)ခုတွင် ကျောင်းသား/ ကျောင်းသူ ( ၂၂၃၀ )ဦး ဝင်ရောက်ဖြေဆိုမည်


MNP ၊ မတ်  ၂၆

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၁-၂၀၂၂ပညာသင်နှစ် မတ်လ (၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့ထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ရမ်းဗြဲမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၀)ခုတွင် ဖြေဆိုခွင့်လျှောက်ထားကြသည့် ကျောင်းသား/ကျောင်းသူ ( ၂၂၃၀) ဦး ဝင်ရောက်ဖြေဆို ကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနများဖြစ်ကြသည့် ရမ်းဗြဲ စာစစ်ဌာနတွင် (၅၆၁)ဦး၊ ရမ်းဗြဲ (ပုလုပ်တောင်)စာစစ်ဌာနတွင်(၃၀၅)ဦး၊ ကုန်ဘောင်စာစစ်ဌာနတွင် (၂၄၁)ဦး ၊ ဇရပ်ပြင်စာစစ်ဌာနတွင်(၁၀၃)ဦး ၊ ကျောက်နီမော်စာစစ်ဌာနတွင်(၃၅၇)ဦး၊ ဦးကာပြင်စာစစ်ဌာနတွင်(၁၁၉)ဦး ၊ ကျောက်တွေစာစစ်ဌာနတွင် (၄၆)ဦး ၊ ဗောဓိ စစာစစ်ဌာနတွင် (၁၉၆) ဦး၊ မီးကျောင်းတက်စာစစ်ဌာနတွင် (၂၀၆) ဦး နှင့်  မြေပုံစာစစ်ဌာနတွင် (၉၂) ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး ကျောင်းတွင်းဖြေဆိုသူ (၁၁၁၇)ဦးနှင့် အလွတ်ဖြေဆိုမည့်သူ (၁၁၁၃) ဦးဖြေဆိုကြမည်ဖြစ်ရာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်များကိုလည်း ထုတ်ပေးထားပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)