မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနား တက်ရောက်





MNP - မတ်    ၁၇

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ၁၃၈၃ ခုနှစ် တပေါင်းလ ပြည့်နေ့၊ ၂၀၂၂ ခုနှစ် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မကွေးမြို့ မြသလွန်ဘုရားကုန်းတော် မဟာဝိဇိယရံသီ တန်ဆောင်းတော်၌ ကျင်းပဆောင်ရွက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဘွဲ့ခံဆရာတော် များအား ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းခဲ့သည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွက်ဆို ဘုရားကန်တော့၍ စတင်ခဲ့ပြီး၊ ထူးမခြားနား သီချင်းခန့် သုံးပိုဒ်ဖြင့် ပူဇော်ကာ မကွေးမြို့ အောင်မြေရတနာစာသင်တိုက် ပဓါနနာယက တိုင်းဒေ သကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တသုမန(ဂန္ထဝါစကပဏ္ဍိတ)ထံမှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ကာ၊ စလင်းမြို့ မဟာသုခိတာ ရာမစိန်ပန်းကျောင်းတိုက်မှ ပဓါနနာယက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ (ဓမ္မကထိက) ဘွဲ့တံဆိပ်တော်ရ ဆရာတော်မှ (သမ္မောဒနီယ) သြဝါဒကထာ မြွတ်ကြားချီးမြှင့်တော်မူသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ၂၀၂၂ ခုနှစ်တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ရရှိတော်မူခဲ့ကြသော ဆရာတော်ကြီးများအား နေပြည်တော်၌ နိုင်ငံတော်အဆင့် အခမ်းအနားကြီးဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်ကပ်အပ်နှင်းလျက် တပည့်တော်များမှလည်း  ပူဇာစ ပူဇနေယျာနံ၊ ဧတံမင်္ဂလာမုတ္တမံ ဆိုသည့် မင်္ဂလာတရားတော် နှင့်အညီ သာဟတ္ထိကဒါန ကုသိုလ်မင်္ဂလာ တိုးပွားစေရန် ရည်သန်တောင့်တ၍ ဤဂုဏပူဇာ မဟာမင်္ဂလာ အခမ်းအနားကြီးကို ဆရာတော်ကြီးများ ၏ လမ်းညွှန်သြဝါဒနှင့်အညီ ချီးကျူးပူဇော်ခြင်း ဖြစ်ပါကြောင်းနှင့် သာသနာရေးဆိုင်ရာများ လျှောက်ထား သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ဘွဲခံဆရာတော်များ အား ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ အထူးပင့်ဆရာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် တောင်တွင်းကြီးမြို့ ငှက်ပစ်တောင်ကျောင်းတိုက် ပဓါနနာယက တိုင်းဒေသကြီး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တမာနိတ (အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) ထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွက်ဆို ဆုတောင်း၍ အခမ်းအနားအောင်မြင်စွာ ပြီးမြောက် ခဲ့ကြောင်းနှင့် အခမ်းအနားသို့ ကြွရောက်တော်မူလာကြသော အထူးပင့်ဆရာတော်ကြီးများနှင့် ဘွဲခံဆရာတော်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ စေတနာရှင် အလှူရှင်များ စုပေါင်းကာ ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။

သတင်း - မောင်ညီညာ

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)