ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တနန္ဒမာလာဘိဝံသ၏ သက်တော် ၈၂နှစ်ပြည့် ဝိဇာတမွေးနေ့ မင်္ဂလာ ဆင်စာဘူဖေး လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တနန္ဒမာလာဘိဝံသ၏ သက်တော် ၈၂နှစ်ပြည့် ဝိဇာတမွေးနေ့ မင်္ဂလာ ဆင်စာဘူဖေး လှူဒါန်း

 



MNP - မတ်    ၁၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာအနီး၊ ညောင်ဦး-ပခုက္ကူ-မြင်းခြံ ကားလမ်းမကြီးဘေး တွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင် စခန်းရှိ ဆင်ခုနှစ်ကောင်အတွက် တပေါင်းလပြည့်နေ့တွင် ကျရောက် သည့် ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တနန္ဒမာလာဘိဝံသ သက်တော် ၈၂ နှစ်ပြည့်ဝိဇာတမွေးနေ့ မင်္ဂလာ ဆင်စာဘူဖေး လှူဒါန်း ကျွေးမွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆင်စခန်းရှိဆင်ခုနှစ်ကောင်အတွက် ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တနန္ဒမာ လာဘိဝံသမွေးနေ့ (တပေါင်းလပြည့်) နေ့ရောက်တိုင်း ဆရာတော်ကြီး သက်တော်ရှည်၍ ကျန်းမာ၊ ချမ်းသာစွာ သာသနာပြုနိုင်ရန် ရည်ရွယ်ကာ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကမြို့မှ တပည့်၊ ဒါယကာ၊ ဒါယိကာမတို့က နှစ်စဉ်နှစ်တိုင်း ပလင်းကမ်းသာယာ ဆင်စခန်းရှိဆင်များ အား ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းကြကြောင်း သိရသည်။

တပေါင်းလပြည့်နေ့တွင် ပလင်းကမ်းသာယာဆင်စခန်းသို့ မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူ ခရီးသွားများဖြင့် စည်ကား နေကြောင်း ပလင်းကမ်းသာယာ ဆင်စခန်းတာဝန်ခံက ပြောကြား၍ သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)