မိုးညိုမြို့နယ်တွင် မီးဘေးသင့်နေအိမ်များမှ မိသားစုဝင်များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်တွင် မီးဘေးသင့်နေအိမ်များမှ မိသားစုဝင်များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်



MNP - မတ်      ၂၇

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၃-၂၀၂၂)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဟင်္သာချောင် ကျေးရွာအုပ်စု၊ ရင်းနှောင်း ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးသင့်နေအိမ်များမှ မိသားစုများအား ထောက်ပံ့ငွေနှင့် ပစ္စည်း များကို ယမန်နေ့နံနက်၁၁ နာရီက ပေးအပ်ခဲ့သည်။

 ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မီးဘေးသင့်နေအိမ်(၄)လုံးတို့အတွက် ထောက်ပံ့ရေးပစ္စည်း (၁၇)မျိုးပါ အိမ်ထောင်စု (၄)စုစာ တန်ဖိုးငွေ(၁၉၆၁၄၄/-)ကျပ်နှင့် ကတ္တူပုံး(၄)ပုံးတို့အား(၇-၃-၂၀၂၂)ရက်နေ့တွင် ထောက်ပံ့ခဲ့ပြီး ထောက်ပံ့ရန်ကျန်ရှိသည့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ ငွေ(၇၀၀၀၀ဝိ/-)ကျပ်၊အိမ်ထောင်စု(၄)စုရှိ လူဦးရေ (၁၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၂၇၃၀ဝိ/-)နှင့် သေဆုံး(၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ(၃၀၀၀၀ဝိ)/-ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၂၇၃၀ဝိ/-)ကျပ်တို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးရှိ oss ရုံးခန်း၌ မိုးညိုမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဓိ နှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း  -  ကိုမင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)