ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ ကျေးရွာငါးရွာ စုပေါင်းရေပေးရေး ဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ ကျေးရွာငါးရွာ စုပေါင်းရေပေးရေး ဖွင့်ပွဲကျင်းပ


MNP ၊  မတ် ၁၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး)သို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး သင်တန်းဆင်း သင်တန်းသူများကို အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးရန်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်လိုပါက လိုအပ်သည့် ငွေကြေးအရင်းအနှီးအား သမဝါယမ အသင်းပုံစံ၊ အစုအဖွဲ့ပုံစံဖြင့် ဆောင်ရွက် နိုင်ရေး လိုအပ်သည်များ ကူညီပံ့ပိုးပေးရန်နှင့် ရက်ကန်းပညာရပ်များ တိုးတက်ဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်မှာကြားကာ ကလောမြို့နယ်၊ မြောက်မြေခြားကျေးရွာနှင့် တောင်ပတ်ကျေးရွာ ကျေးရွာနှစ်ရွာ စုပေါင်းရေပေးရေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ အင်းပက်လက်ကျေးရွာအပါ ကျေးရွာငါးရွာ စုပေါင်းရေပေးရေးဖွင့်ပွဲကို ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကို၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များက ဖွင့်လှစ်ပေးသည်။

ထို့နောက် ကျေးရွာ ၅ ရွာမှ ကျေးရွာသူကျေးရွာသားများ၏ တင်ပြချက်များအပေါ် ပြည်ထောင် စုဝန်ကြီးက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ကျေးရွာများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး၊ ဝင်ငွေတိုးရေးဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ဖြည့်ဆည်းပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွာငံမြို့နယ်ရှိ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူ သမဝါယမ အသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကော်ဖီစိုက်တောင်သူများက လိုအပ်ချက်များ ကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စားသုံးဆီ ဖူလုံရေး နေကြာဆီတိုးချဲ့စိုက်ပျိုးရေးအတွက် ဆောင်ရွက်မည့် အစီအမံများကို တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ဆောင်ရွက်ပေးမည့် အစီအစဉ်များဖြစ်သည့် မြစိမ်းရောင်စီမံကိန်း သွင်းအားစုနှင့် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများအတွက်  မတည်ရန်ပုံငွေ ဆောင်ရွက်မည့် အစီအစဉ်များ၊ ဆိုလာစနစ်စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)