အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးခြင်း၊ အမြဲတမ်းမသန်စွမ်းဖြစ်ခြင်းတို့အတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်နှင့် ငွေလုံးငွေရင်းများ ခွင့်ပြုထုတ်ပေးသည့် အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးခြင်း၊ အမြဲတမ်းမသန်စွမ်းဖြစ်ခြင်းတို့အတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်နှင့် ငွေလုံးငွေရင်းများ ခွင့်ပြုထုတ်ပေးသည့် အခမ်းအနားကျင်းပ



MNP ၊ မတ် ၁၉

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်ခွင်ထိခိုက်မှုကြောင့်သေဆုံးခြင်း၊ အမြဲတမ်း မသန်စွမ်း ဖြစ်ခြင်းတို့အတွက် ကျန်ရစ်သူအကျိုးခံစားခွင့်နှင့် ငွေလုံးငွေရင်း ခွင့်ပြုထုတ်ပေးသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်း ကျောင်း(ရန်ကင်း)၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တာဝန်ရှိသူများ၊ အလုပ်သမားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံများ တက်ရောက်ကြသည်။


အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့တွင် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း အကျုံးဝင်မြို့နယ်ပေါင်း ၁၁၆ မြို့နယ်၌ မှတ်ပုံတင်အလုပ်ဌာန (၃၃,၇၇၆) ဌာနနှင့် အာမခံအလုပ်သမားပေါင်း (၁,၀၈၇,၁၁၃) ဦးရှိသည်။


နိုင်ငံတစ်ဝန်းတွင် မြို့နယ်လူမှုဖူလုံရေးရုံး (၇၈) ရုံး ဖွင့်လှစ်ထားပြီး ရန်ကုန်တိုင်းဒေသကြီး၌ အလုပ်ဌာန (၁၃,၄၀၇) ဌာနနှင့် အာမခံအလုပ်သမား (၇၅၈,၃၂၄) ဦးရှိ၍ အာမခံအလုပ်သမားများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် မကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှုနှင့် လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာရမှု များအတွက် အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးလျက်ရှိသည်။


၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေပုဒ်မ ၂ (စ) နှင့်အညီ အာမခံအလုပ်သမား တစ်ဦးသည် အလုပ်ရှင်၏ အကျိုးငှာအလုပ်ခွင်အတွင်း (သို့မဟုတ်) အလုပ်ခွင်ပြင်ပနှင့် အလုပ်ခွင်သို့ အသွား၊ အပြန်၊ လမ်းခရီးတို့တွင် မတော်တဆ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းတို့ ဖြစ်ပေါ်သည့်အခါ အလုပ်ခွင် ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်နှင့် မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းများအတွက် အမြဲတမ်း မသန်စွမ်းမှု တစ်လုံးတစ်ခဲတည်း ငွေလုံးငွေရင်း အကျိုးခံစားခွင့်များ ထုတ်ပေးလျက်ရှိသည်။


ယနေ့ ကျင်းပသည့် အခမ်းအနားတွင် အလုပ်ခွင်အတွင်း (သို့မဟုတ်) အလုပ်ခွင် ပြင်ပနှင့် အလုပ်ခွင်သို့ အသွား၊ အပြန်လမ်းခရီးတို့တွင် မတော်တဆသေဆုံးခဲ့သည့် အလုပ်သမား (၃) ဦးနှင့် မတော်တဆ ထိခိုက်ဒဏ်ရာ ရခဲ့သည့် အလုပ်သမား (၄) ဦး၊ စုစုပေါင်း (၇) ဦးတို့အတွက် အကျိုးခံစားခွင့် ခွင့်ပြုငွေ ကျပ် ၄၃,၃၂၈,၅၂၀ ကို ဒုတိယဝန်ကြီးက ကာယကံရှင် အလုပ်သမားများနှင့် ကျန်ရစ်သူ မိသားစုများထံသို့ လက်ရောက်ပေးအပ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)