မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၂)ဦး ထပ်မံတွေ့ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၂)ဦး ထပ်မံတွေ့ရှိ


MNP ၊ မတ်  ၂

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌  ခရီးသွား ရောက် ရန်၊ ပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်သူများအား ယမန်နေ့ နံနက်ပိုင်းက  Rapid Diagnostic Test (RDT)/PCR ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးသူများအနက် (၂)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။  

အဆိုပါ ပိုးတွေ့လူနာများမှာ မောင်တောမြို့နေထိုင်သူများဖြစ်သော ကျောက်လှေကားကျေးရွာနေ အသက်(၇၂) နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် ရွှေဇားကပ္ပကောင်းကျေးရွာနေ  အသက်(၃၀)နှစ်အရွယ် အမျိုးသားတစ်ဦး စုစု ပေါင်း (၂)ဦးဖြစ်ရာ ၎င်းပိုးတွေ့လူနာများအား မောင်တောမြို့ ပြည်သူ့ဆေးရုံရှိ  ကိုဗစ်-၁၉ အတည်ပြု သီးသန့် ဆောင် တို့တွင် ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက်ရှိရာ ၎င်းတို့နှင့် ထိတွေ့ ဆက်စပ်သူများအား နေအိမ်များတွင် Home Quaran tine ထားရှိပြီး မောင်တောမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ မတ်လ ၁ ရက်နေ့ထိ ပိုးတွေ့လူနာစုစုပေါင်း(၁၈)ဦး အနက်  ဆေးရုံဆင်းခွင့်ရရှိသူ (၁၂)ဦး နှင့် ကုသဆဲ (၆)ဦးရှိကြောင်း သိရသည်။


သတင်း - သက်လွင်စိုး၊ အောင်ကျော်စိန်  

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)