တောင်ပြိုလက်ဝဲမြို့၊ အထကကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကြီးကြပ်ရေး တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမများ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ပြိုလက်ဝဲမြို့၊ အထကကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကြီးကြပ်ရေး တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမများ အစည်းအဝေးကျင်းပ



MNP - မတ်    ၂၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ အထကကျောင်း စာစစ်ဌာန၌ တက္ကသိုလ်ဝင် စာမေးပွဲတွင် ကြီးကြပ်ရေးတာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမများ

 အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီအချိန်က အထကကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် မောင်တောမြို့၊ မြို့နယ်ပညာရေးမှူး ဦးအောင်စံကျော်၊ တောင်ပြို လက်ဝဲမြို့ စာစစ်ဌာနတွင် တာဝန်ကျ ကြီးကြပ်ရေးမှူး ဦးဦးဝင်းဇော်၊ တောင်ပြို လက်ဝဲ အထကကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ကြီးကြပ်ရေးတာဝန် ထမ်းဆောင်မည့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ မောင်တောမြို့၊ မြို့နယ်ပညာရေးမှူးမှ အမှာစကားပြောကြားရာ တောင်ပြိုလက်ဝဲမြို့ စာစစ်ဌာနတွင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများ အနေဖြင့် မိမိတို့အား ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင် ကြရန်နှင့် သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာ ကြီးကြပ်ရေးမှူးနှင့် ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ထို့နောက် တောင်ပြိုလက်ဝဲမြို့ စာစစ်ဌာန ကြီးကြပ်ရေးမှူးမှ စာစစ်ဌာနတွင် ကြီးကြပ်ရေးတာဝန် ထမ်းဆောင်မည့် ဆရာ၊ ဆရာမ (၃၁)ဦး တာဝန်ပေးအပ် ထားရှိပါကြောင်း၊ စာမေးပွဲဖြေဆိုရန် အခန်း (၅)ခန်းဆောင်ရွက်ထားရှိပါကြောင်း၊ လိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့သည်။  တက်ရောက်လာကြသော ကြီးကြပ်ရေး တာဝန်ကျ ဆရာ၊ ဆရာမများက ပေးအပ်တာဝန်များအား ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ကြသည်။ တောင်ပြိုလက်ဝဲမြို့၊ စာစစ်ဌာနတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို  ကျောင်းတွင်း ဖြေဆိုမည့်သူ (၇၄)ဦး၊ ကျောင်းပြင်ပဖြေဆိုမည့်သူ (၅၁)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၂၅)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ကြီးကြပ်ရေးမှူးထံမှ သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)