ကုလသမဂ္ဂရှိ ရုရှားသံအမှုထမ်း ၁၂ ဦးကို ထုတ်ပယ်ရန် အမေရိကန်၏ ဆုံးဖြတ်ချက်အပေါ် စိတ်မသက်မသာဖြစ်ရကြောင်း ရုရှားသံအမတ်ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကုလသမဂ္ဂရှိ ရုရှားသံအမှုထမ်း ၁၂ ဦးကို ထုတ်ပယ်ရန် အမေရိကန်၏ ဆုံးဖြတ်ချက်အပေါ် စိတ်မသက်မသာဖြစ်ရကြောင်း ရုရှားသံအမတ်ပြော


ကုလသမဂ္ဂ ၊ မတ် ၁ 

ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံအမြဲတမ်းကိုယ်စားလှယ် Vassily Nebenzia က ကုလသမဂ္ဂ၌ သွားရောက်တာဝန်ထမ်းဆောင်နေသည့် ရုရှားသံအမှုထမ်း ၁၂ ဦးကို ထုတ်ပယ်ရန် အမေရိကန်၏ ဆုံးဖြတ်ချက်အပေါ် စိတ်မသက်မသာဖြစ်ရကြောင်း ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

" ကုလသမဂ္ဂရဲ့ အိမ်ရှင်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံဟာ နောက်ထပ်ရန်လိုတဲ့ခြေလှမ်းတစ်ရပ်အဖြစ် ရုရှားသံအမှုထမ်းတွေအပေါ် ဆန့်ကျင်တဲ့ခြေလှမ်းတစ်ရပ်ကို လုပ်ဆောင်ခဲ့တယ်ဆိုတဲ့အကြောင်း ခင်ဗျားတို့ကို ကျွန်တော်အသိပေးပြောကြားလိုပါတယ်  ၊ အခုကစလို , အတိအကျပါပဲ , ပြီးခဲ့တဲ့ တစ်နာရီက  ရုရှားမစ်ရှင်အဖွဲ့ဝင် အမှုထမ်း ၁၂ ဦးကို ထုတ်ပယ်တဲ့အကြောင်း ကျွန်တော်တို့ဆီအသိပေးလာပါတယ်" ဟု ၎င်းက ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတစ်ခု စတင်ချိန်တွင် Nebenzia ကထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်သည် အိမ်ရှင် နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံက ကုလသမဂ္ဂဌာနချုပ်နေရာများနှင့် စပ်လျဉ်း၍ သဘောတူလက်မှတ်ရေးထိုးထားခြင်းအပေါ် “ နောက်ထပ် လက်ခံနိုင်စရာမရှိတဲ့ ချိုးဖောက်မှု” ဖြစ်ကြောင်း နှင့် ဗီယင်နာသဘောတူညီချက်ကို ချိုးဖောက်မှု ဖြစ်ကြောင်း Nebenzia ကဆိုသည်။

" သံခင်းတမန်ခင်း လိုအပ်မှု နဲ့ သံတမန်နည်းလမ်းနဲ့ အဖြေရှာမှုကို ကျွန်တော်တို့ ဆက်ပြောချင်ပါတယ်.တစ်ချိန်တည်းမှာပဲ ဒီလို အပြုအမူမျိုးကို ကန့်သတ်မယ့် ကျွန်တော်တို့ရဲ့ အခွင့်အရေးကို ဖော်ဆောင်သွားရပါမယ်" ဟု ၎င်းကဆိုသည်။

" ဒီဆုံးဖြတ်ချက်အပေါ် ကျွန်တော်တို့ နက်နက်ရှိုင်းရှိုင်း စိတ်မသက်မသာ ဖြစ်ရပါတယ်၊ ပြီးတော့ ဒီဆုံးဖြတ်ချက်အပေါ် ဆက်စပ်အကြောင်းအရာထဲက ဘယ်လို လုပ်လို့ရမလဲဆိုတာ ကျွန်တောက်တို့ နည်းလမ်းရှာဖွေသွားမှာပါ" ဟု ၎င်းကဆိုသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ဒုတိယအမြဲတမ်းကိုယ်စားလှယ် Richard Mills က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ တာဝန်ထမ်းဆောင်နေသည့် ရုရှားသံအမှုထမ်း ၁၂ ဦးကို နိုင်ငံမှ ထွက်ခွါသွားရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း အဘယ်ကြောင့်ဆိုသော် ထိုသူများသည် " သံတမန်တွေရဲ့ ကျင့်ဝတ်တာဝန်တွေနဲ့ မလျော်ညီတဲ့ သူတို့နဲ့မသက်ဆိုင်တဲ့ အလုပ်တွေကို လုပ်နေကြလို့ပါပဲ" ဟုဆိုသည်။

" သူတို့ဟာ ဒီနိုင်ငံ(အမေရိကန်)က ထွက်ခွါသွားရပါမယ် ၊ဒါမှ သူတို့ဟာ အိမ်ရှင်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို မထိခိုက်စေမှာပါ" ဟု Mills က ပြောကြားခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ကိုယ်စားလှယ်၏ တုန့်ပြန်ပုံကို မကျေနပ်ကြောင်းကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံအမြဲတမ်းကိုယ်စားလှယ် Vassily Nebenzia ကဆိုသည်။ 

ယူကရိန်းနိုင်ငံတွင် ရုရှား၏ စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်နေစဉ် ရုရှားသံအမှုထမ်း ၁၂ ဦးအား နိုင်ငံမှ ထွက်ခွါသွားရန်အမေရိကန်၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။


Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)