ပေါင်မြို့နယ် စာသင်ကျောင်းများ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးစစ်ဆေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် စာသင်ကျောင်းများ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးစစ်ဆေးဆောင်ရွက်




MNP ၊ မတ် ၈

မွန်ပြည်နယ်၊သထုံခရိုင်၊ပေါင်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၌ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး စစ်ဆေးဆောင်ရွက်မှုများကို ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊မြို့နယ်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊မြို့နယ်ပညာရေးမှုး ဒေါ်စန်းစန်းအေးတို့ကဦးဆောင်ပြီးအဖွဲ့ သုံးဖွဲ့ခွဲ၍ပေါင်မြို့နယ်အတွင်းရှိ အထက်တန်း၊အလယ်တန်း၊ မူလတန်းကျောင်းများသို့ ကိုဗစ် -၁၉ ရောဂါ ကာကွယ်တားဆီးရေးပြင်ဆင်ထားရှိမှု၊စည်းကမ်းလိုက်နာမှု၊အကောင်းဆုံးဆောင်ရွက်နိုင်မှုကျောင်းများကို အသေးစိတ်ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီရေးပြင်ဆင်ထားရှိမှု၊ စည်းကမ်းလိုက်နာမှု အကောင်းဆုံးဆောင်ရွက်နိုင်မှု အထက်တန်း(၁)ကျောင်း၊အလယ်တန်း(၁)ကျောင်း၊မူလတန်း(၁) ကျောင်း ကိုဆုများအသီးသီး ချီးမြှင့်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်း - တင်ဇာစိုး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)