Pages

Pages

အမာမြို့၌ အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးခဲ့




MNP - မတ်     ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာန၊ ဆေးခန်း၌ အသက်(၁၈)နှစ် နှင့်အထက် ပြည်သူများအား  COVID Shield အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီတွင်  စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာတွင်  မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ်အဖြစ် ထိုးနှံပေးခြင်းဖြစ်ရာ ပြည်သူ(၂၀၀)ဦးခန့်ကို ထိုးနှံပေးခဲ့ပြီး ယနေ့တွင်လည်း ကာကွယ်ဆေးများဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုးနှံပေးပြီး အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကြီးကြပ်ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment