Pages

Pages

မဘိမ်းမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ အလယ်တန်းအဆင့် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ


MNP - မတ်    ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အရ ကျင်းပပြုလုပ်သော မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဌဖလား အခြေခံပညာ ကျောင်းပေါင်းစုံ အလယ်တန်းအဆင့် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်း အနားကို ယမန်နေ့ညနေပိုင်းက မဘိမ်းမြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အခြေခံပညာကျောင်းပေါင်းစုံ အလယ်တန်းအဆင့် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် အထက(မဘိမ်း)(က)အသင်းနှင့် အထက(ခွဲ)(လဝ)အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ ကစားချိန်မိနစ် ၉၀ တွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေဖြစ်နေသောကြောင့် ပင်နယ်တီ ကန်သွင်းခဲ့ကြရာ အထက(ခွဲ)(လဝ)အသင်းမှ အထက(မဘိမ်း)(က)အသင်းအား လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိ ဗိုလ်စွဲသွားကြောင်း သိရသည်။

ဆက်လက်၍ အခြေခံပညာကျောင်းပေါင်းစုံ အလယ်တန်းအဆင့် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပရာ ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသွားသော ဘော့လုံးအသင်းများ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဝင်းလွင်နှင့် တာဝန်ရှိသူများက ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

သတင်း - မျိုးမင်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment