မိုးမိတ်မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးမိတ်မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

 



MNP -  မတ်   ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာကျောင်းများ၊ ကားဂိတ်၊ ထော်လာဂျီဂိတ်နှင့် ဈေးဆိုင်များ၌ (၇၇) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီအချိန်ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ‌ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ၂၁.၃.၂၀၂၁ ရက်နေ့ (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ (၇၇) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂) ရပ်၊ တပ်မတော်၏ တည့်မတ်ထိန်းသိမ်းဆောင်ရွက်လျှက်ရှိသော လုပ်ဆောင်ချက်များ၊ တပ်မတော်၏ ဆောင်ပုဒ်များ၊ ကဗျာများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ တပ်မတော်၏ သမိုင်းအဆက်ဆက် ကာကွယ်စောင့်ရှောက်မှု သမိုင်းကြောင်းများကို ကျောင်းသား၊ ကျောင်းသူ လူငယ်များ၊ ဒေသခံတိုင်းရင်းသားမိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ဖြန့်ဝေရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - စည်သူဌေး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)