မိုင်းယုမြို့၌ ဒေသထွက် ရွှေဖရုံသီးများ ရောင်းချနိုင်ရေး တောင်သူတို့မျှော်လင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းယုမြို့၌ ဒေသထွက် ရွှေဖရုံသီးများ ရောင်းချနိုင်ရေး တောင်သူတို့မျှော်လင့်



MNP - မတ်   ၂၁   

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ရွှေဖရုံသီးများ လှိုင်လှိုင်ပေါ်သော်လည်း နယ်စပ်ဒေသ မိုင်းယု-ကျိန်းယဲန်းတံတားကို ယာယီပိတ်ထားသည့်အတွက် ဖရုံစိုက်တောင်သူ ရွှေဖရုံသီးများ အချိန်မီတင်ပို့ ရောင်းချနိုင်ရန် မျှော်လင့်နေကြကြောင်း သိရသည်။

မိုင်းယုမြို့တွင် တောင်သူများမှာ မိမိတို့၏ တောင်ယာမြေတို့တွင် ရော်ဘာ၊ ပြောင်း၊ ဖရုံ၊ ငရုတ်နှင့် ပဲအမျိုးမျိုးတို့ကို စီပွားဖြစ် အားထားစိုက်ပျိုးလျက်ရှိကြပြီး ထွက်ရှိလာသည့် သီးနှံများအား အကျိုးအမြတ်များစွာ ရရှိစေရန်အတွက် နယ်စပ်ဒေသ မိုင်းယု- ကျိန်းယဲန်း တံတားမှတဆင့် အခြားဒေသတို့ကို အများဆုံး တင်ပို့ရောင်းချလျက်ရှိကြသည်။

ယခုအခါ ကိုဗစ်-၁၉ရောဂါ အခြေအနေ အရပ်ရပ်များကြောင့် နယ်စပ်ဒေသ မိုင်းယု-ကျိန်းယဲန်း တံတားကို ၂၀၂၁ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့က စတင်၍ ကုန်စည်၊ ယာဉ်နှင့် လူများ ဖြတ်သန်းသွားလာမှုကို ယာယီပိတ်ထားခဲ့သည်မှာ ယခု ၂၀၂၂ခုနှစ်၊ မတ်လအထိပင်ဖြစ်၍ တောင်သူတို့ ဖရုံသီးများ တင်ပို့ ရောင်းချရန် အခက်အခဲနှင့် ကြုံတွေ့နေရပြီး ဖရုံသီးများ အချိန်မီရောင်းချနိုင်ရေး မျှော်လင့်နေလျက်ရှိကြသည်။

ယခင်နှစ် ရွှေဖရုံသီး တစ်ကီလိုလျင် (၂၀၀) ကျပ် ပေါက်ဈေးရကြသော်လည်း  ယခုအခါ နယ်စပ်ဒေသ မိုင်းယု-ကျိန်းယဲန်း တံတားပိတ်ထား၍ ဈေးကွက်မရှိသဖြင့် တောင်သူတို့ တင်ပို့ရောင်းချနိုင်ခြင်းမရှိပဲ  ရွှေဖရုံသီးများ ဆွတ်ခူးကာ မိမိတို့ခြံဝင်း၌သာ သိုလှောင်ပြီး ဈေးကွက်ကို စောင့်မျှော်နေလျက်ရှိကြောင်း  ဖရုံစိုက်တောင်သူထံမှ သိရသည်။

သတင်း - ကိုကိုနိုင်

မြန်မာနေရှင်နယ်လစ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)