MNP ၊ မတ် ၂၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် ခရိုင်နောင်ခမ်းအောင်ဆုပန်ပရဟိတ ဘုန်းတော်ကြီး ပညာသင် ကျောင်းသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆွမ်းဆန်အိတ် (၅၀) နှင့် အလှူငွေများ လှူဒါန်းခြင်းကို ယနေ့ နံနက် (၁၁) နာရီက အဆိုပါဘုန်းကြီးကျောင်းသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မင်းထွန်း၊ ပြည်နယ်ဝန်ကြီ များနှင့် တာဝန်ရှိသူများ တက်ရောက်ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒ ေါက်တာကျော်ထွန်း၊ တိုင်းမှူးတို့က လှူဖွယ်ပစ္စည်းများ ဆွမ်းဆန်များနှင့် နဝကမအလှူငွေ ကျပ်သိန်း (၂၀) တို့ကို ကျောင်းထိုင်ဘုန်းတော်ကြီးအား ဆက်ကပ်လှူဒါန်းပေးကြပြီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဆွမ်းဆန်များ ဆက်ကပ်လှူဒါန်းပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တာချီလိတ် နဂါးနှစ်ကောင် ဘုန်းကြီးကျောင်းသို့ သွားရောက်ကာ ဆရာတော်အားဖူးမျှော်ကြပြီး ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တိုင်းမှူးတို့က လှူဖွယ်ပစ္စည်းများနှင့် နဝကမအလှူငွေ ကျပ်သိန်း (၂၀) ဆက်ကပ် လှူဒါန်းပေးကြပြီး ဆရာတော်မှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချ အမျှပေး ဝေကြောင်း သိရှိရသည်။
သတင်း - မောင်မောင်သန်း (တောင်ကြီး)
https://t.me/MyanmarNationalPost
No comments:
Post a Comment