တောင်သူကုန်း-ဖအွံ-မိန်းမလှကျွန်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်သူကုန်း-ဖအွံ-မိန်းမလှကျွန်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်


MNP ၊ မတ် ၂၀

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဘားအံမြို့နယ်အတွင်းရှိ တောင်သူကုန်း-ဖအွံ- မိန်းမလှကျွန်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်း မုခ်ဦးရှေ့၌ ကျင်းပသည်။

ရှေးဦးစွာ ကရင်ပြည်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီး ခင်ဇော်၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်များက လမ်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော တောင်သူကုန်း၊ ဖအွံ၊ မိန်းမလှကျွန်း ကျေးရွာများမှ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ် သည့် လမ်းမှာ ကရင်-မွန် ပြည်နယ်ချင်းဆက်လမ်းဖြစ်သော ဘားအံ-ဇာသပြင် အဖြောင့်လမ်းအား ချိတ်ဆက်သည့်လမ်းဖြစ် သည့်အတွက် ပြည်နယ်၏ထုတ်ကုန်များစီးဆင်းနိုင်သည့် အဓိကလမ်းဖြစ်ကြောင်း၊ ယခုကဲ့သို့ကျေးရွာချင်းဆက်လမ်း များဖွင့်လှစ်ပေးနိုင်ခြင်းကြောင့် ကျေးလက်နေပြည်သူများ၏ ပို့ဆောင် ဆက်သွယ်ရေးကဏ္ဍ တိုးတက်ကောင်းမွန်ပြီး ဒေသတွင်းထုတ်ကုန်များအား ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်သို့ အမြန်ဆုံးတင်ပို့ရောင်းချနိုင်မည်ဖြစ်ကာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များ၊ လူမှုစီးပွားဘဝများ ဖွံဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများအနေဖြင့် လမ်း၊ တံတားများ ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိမ်းသိန်းစောင့်ရှောက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ဦးစောကျော်ဝင်းက လမ်းနှင့် ပတ်သက်သည်များအား ရှင်းလင်းပြောကြားပြီး ကျေးလက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားကာ ညွှန်ကြားရေးမှူး(မြို့ပြ)က ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများထံ လမ်းဖွင့်ပွဲအထိမ်းအမှတ် အလံ များအား လက်ရောက်ပေးအပ်သည်။

ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လူမှုရေးဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့က လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက လမ်းအားကြည့်ရှုစစ်ဆေး၍ ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ခဲ့ကြသည်။

တောင်သူကုန်း-ဖအွံ-မိန်းမလှကျွန်းလမ်းမှာ ၃ မိုင် ၄ ဖာလုံရှိပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)လ ဘတ်ဂျက် ၂၁၈ ဒသမ ၇၅ သန်းဖြင့် ကြာအင်းအိမ်ကုမ္ပဏီမှ ကွန်ကရစ်လမ်း ၆ ဖာလုံအား ဆောင်ရွက်ပြီးစီး၍ ယနေ့ ဖွင့်လှစ်ခြင်း ဖြစ်ပြီး ယခုအခါ ခြံကလေး-တောင်သူကုန်း-ဖအွံ-မိန်းမလှကျွန်းလမ်း အရှည် ၉ မိုင် ၅ ဖာလုံအား ၁၄ ပေ အကျယ် ကွန်ကရစ်လမ်းအဖြစ် ၁၀၀ ရာခိုင်နှုန်း ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)