MNP ၊ မတ် ၂၀
ယူကရိန်းနိုင်ငံအနောက်ပိုင်း Ivano-Frankivsk မြို့အနီးရှိ လက်နက်သိုလှောင်ရုံတစ်ခုကို ဖျက်ဆီးရန်အတွက် ခေတ်မီဆန်းကြယ်သော Kinzhal အသံထက်မြန်သော ဒုံးကျည်များကို အသုံးပြုခဲ့ကြောင်း ရုရှားစစ်တပ်က ပြောကြားခဲ့သည်။
ဝေဟင်ပစ်ဒုံးကျည်စနစ်ဖြင့် တိုက်ခိုက်မှုသည် သောကြာနေ့တွင် ဖြစ်ပွားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။
ဒဲလီတန်ရွာရှိ "ယူကရိန်းတပ်ဖွဲ့များ၏ ဒုံးကျည်များနှင့် ဝေဟင်လက်နက်များ သိုလှောင်ရာ မြေအောက် သိုလှောင်ရုံကြီး" ကို ပစ်မှတ်ထားသည်ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
Ref : RT
https://t.me/MyanmarNationalPost
No comments:
Post a Comment