MNP - မတ် ၂၈
ပဲခူတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီ အားကစားသင်တန်းဖြစ်သည့် နွေရာသီအခြေခံမြန်မာ့သိုင်းနှင့် အေရိုးဗစ်သင်တန်းကို အ-လ- က (ကမာဖရုံ)ကျောင်း၌ ယမန်နေ့ မွန်းလွဲပိုင်းမှစတင်ပြီး အခမဲ့ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
မြို့နယ်မျိုးဆက်သစ်အားကစားသမားကောင်းများ စဉ်ဆက်မပြတ်ပေါ်ထွန်းရေး၊ နိုင်ငံ့လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့်နိုင်ငံတော်၏ အားကစားမြှင့်တင်ခြင်း လုပ်ငန်းများကိုတစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနိုင် စေရန်တို့က ရည်ရွယ်၍ နွေရာသီ အားကစား အခြေခံသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပြီး နေ့စဉ်သတ်မှတ်ချိန်အလိုက် သက်ဆိုင်ရာ အားကစား နည်းပြများက အားကစားအမျိုးအစားအလိုက် စနစ်တကျသင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းအပြင် ဖူဆယ်ဘောလုံး၊ ဘော်လီဘော၊ ကရာတေး၊ ရိုးရာခြင်း၊ ကြက်တောင်သင်တန်းတွေ ပါဖွင့်လှစ် သွားမှာ ဖြစ်ကြောင်း သင်တန်းကာလကတော့ မတ်လ (၂၆) ရက်နေ့မှ ဧပြီလ(၅)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ရာမြို့နယ် အားကစားမှူး ဦးနေလင်းဦးနှင့် ဝန်ထမ်းများက သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းသား ၇၅ ဦးတက်ရောက်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment