ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာတွင် သရက်သီးအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာတွင် သရက်သီးအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်



MNP - မတ်    ၂၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနမှ သရက်သီးအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်း ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကန်ပြောင်ကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းတွင် ယနေ့နံနက်၉နာရီက ဖွင့်လှစ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြား ရေးမှူး ဦးသက်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ငြိမ်းချမ်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းခဲ့သည်။ ထို့နောက် ကန်ပြောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးဌေးလွင်က သင်တန်းလာရောက် ဖွင့်လှစ်ပေးသည့်အတွက် ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို (၂၄-၃-၂၀၂၂)ရက်နေ့မှ (၂၈-၃-၂၀၂၂)ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)