နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား သတ္တမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား သတ္တမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ



MNP - မတ်     ၁၀          

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား သတ္တမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှ စ၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

ယခု ထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သော Covishield အမျိုးအစားဖြစ်ပြီး အသက် (၁၈)နှစ်အထက်ပြည်သူများကို ဆေး တစ်လုံးလျှင် လူ (၁၁)ဦး 11 Dose ထိုးနှံလျက်ရှိပြီး အသက်(၁၈)နှစ် အထက်ပြည်သူ(၆၅၉)ဦး ထိုးနှံပြီး စုစုပေါင်း (၇၇၄၀၇) ဦး ဆေးထိုးပြီးဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ် ၁၉ ကာကွယ် ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်နှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။        

ဆက်လက်၍ ကျန်ရှိနေသေးသည့် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများကိုလည်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း  - သန်းအောင်ဇော်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)