(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိုက်ဧကပေါင်း (၉၀၀) ကျော်ကို အကျိုးပြုသည့် လှာကမြင်-ဆယ်အိမ်စုကျေးရွာ ကုန်ထုတ်လမ်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိုက်ဧကပေါင်း (၉၀၀) ကျော်ကို အကျိုးပြုသည့် လှာကမြင်-ဆယ်အိမ်စုကျေးရွာ ကုန်ထုတ်လမ်းဖွင့်လှစ်

 






MNP - မတ်    ၂၄

(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိုက်ဧက ပေါင်း (၉၀၀) ကျော်ကိုအကျိုးပြုသည့် ဘားအံမြို့နယ်၊ လှာကမြင်-ဆယ်အိမ်စုကျေးရွာ ကုန်ထုတ် လမ်းဖွင့်ပွဲကို မတ်လ ၂၄ ရက်နေ့ နံနက် ၈ နာရီခန့်က အဆိုပါလမ်းမုခ်ဦး၌ ကျင်းပသည်။

လမ်းဖွင့်ပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဒေသခံတိုင်းရင်းသား ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ကာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်သည့် လမ်းမှာ ရှေးယခင်ကမိုးရာသီတွင် ရေလွှမ်းမိုးမှုရှိသဖြင့် ထုတ်ကုန်များလွယ်ကူစွာ သယ်ပို့နိုင်ရေးအတွက် လမ်းသားမြှင့်တင်၍ အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုလမ်းနှင့် တစ်ဆက်တည်း ဖြစ်သည့် လှာကမြင်ကျေးရွာကုန်ထုတ်လမ်း ၁ မိုင် ၁ ဖာလုံကိုလည်း အဆင့်မြှင့်တင်ခဲ့ပြီ စုစုပေါင်း လမ်းအရှည် ၁ မိုင် ၄ ဖာလုံကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့သဖြင့် ထုတ်ကုန်များအလွယ်တကူ သယ်ပို့နိုင်ပြီး စိုက်ဧကပေါင်း ၉၀၀ ကျော်ကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ကျေးရွာသူ/ သားများအနေဖြင့် ဌာနနှင့်ပူးပေါင်းပြီး ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တပြည်နယ်ဦးစီးမှူး ဒေါ်ခင်မမစံက လှာကမြင်-ဆယ်အိမ်စုကျေးရွာ ကုန်ထုတ်လမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဇော်က လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များ ပေးအပ်သည်။

ယင်းနောက် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးဦးဇော်ဝင်း၊ ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးရဲမှူး ကြီးခင်ဇော်တို့က ကုန်ထုတ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ လမ်းအားဖြတ်သန်း ကြည့်ရှု၍ ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

လှာကမြင်-ဆယ်အိမ်စုကျေးရွာကုန်ထုတ်လမ်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)လ ဘတ်ဂျက် ပြည်ထောင်စုရန်ပုံငွေ ၃၇ ဒသမ ၅၀၆ သန်းဖြင့် ကွန်ကရစ်တံတားအရှည် ၂၀ ပေ တစ်စင်း၊ Box Culvert တစ်စင်း တို့ကို အနန္တမြေကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ ၆၄ ဒသမ ၄၀၁ သန်းဖြင့် လမ်း အရှည် ၃ ဖာလုံကို အကျယ် ၁၂ ပေ၊ ထု ၁ ပေ ၉ လက်မနှင့် Box Culvert နှစ်စင်းတို့ကို သပြေရိပ်ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့ကာ လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်းပြီးစီး၍ ယနေ့ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အနေဖြင့် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်(၆)လ ဘတ်ဂျက်တွင် ပြည်ထောင်စုနှင့ ်ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်း (၁၇) လမ်း၊ လမ်းအရှည် မိုင်ပေါင်း (၂၂) မိုင် (၆) ဖာလုံနှင့် ကျေးလက်ကုန်ထုတ်တံတားနှင့် အခြားလုပ်ငန်း (၄၁) ခု၊ အရှည်ပေပေါင်း (၄၈၄) ပေ၊ ကျေးလက်ရေပေးရေးလုပ်ငန်း (၅၅) ခု စုစုပေါင်းကုန်ကျငွေ ၁၄၃၉ ဒသမ ၃၆၅ သန်းဖြင့်လည်ကောင်း၊ စီမံကိန်း လုပ်ငန်းများအနေဖြင့် VDP စီမံကိန်း(၁၈)ရွာနှင့် မြစိမ်းရောင်စီမံကိန်း (၅) ရွာတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - စောမျိုးမင်းသိန်း

ြမ်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)