MNP - မတ် ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံ မှုရာခိုင်နှုန်းပြည့် လွှမ်းခြုံနိုင်ရေး ကျန်းမာရေးဝန်ထမ်းများက မိုဘိုင်းစနစ်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ အဖွဲ့(၆)ဖွဲ့ခွဲပြီး ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပုဇင်းနိမ့်ကျေးရွာအုပ်စု၊ ပုညိုကျေးရွာအုပ်စု မင်းတဲ ကျေးရွာအုပ်စု၊ သမ္ဘရာကျေးရွာအုပ်စု၊ ရေနံ့သာကျေးရွာအုပ်စုနှင့် မုန်းဒါးကျေးရွာအုပ်စုတို့မှ အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် ဒေသခံပြည်သူများနှင့် သက်ကြီး ဘိုးဘွား များအား ကျေးရွာများအရောက်ကွင်းဆင်း ထိုးနှံပေးလျက်ရှိပြီး ကိုဗစ် ၁၉ ရောဂါ အန္တရာယ် ကင်းဝေးစေရန်နှင့် ကူးစက်ပြန့်ပွားမှု လျော့နည်းစေရန်အတွက် ကံမမြို့နယ်အတွင်း အသက်(၁၈) နှစ်အထက် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ လူဦးရေများအား ရာခိုင်နှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရေး အတွက် မိုဘိုင်းစနစ်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးနေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ကျော်ဇေယျဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment