ငါန်းဇွန်မြို့နယ်တွင် အသက် (၁၈) နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ငါန်းဇွန်မြို့နယ်တွင် အသက် (၁၈) နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး



MNP - မတ်    ၁၇

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက် (၁၈) နှစ်ပြည့်ပြီး သူများအား လုံးကို ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အမအသုတ် ပထမအကြိမ် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးရာ ယမန် နေ့နံနက် ၉ နာရီမှစ၍ မြို့မဇုံမှ (၁၄၁) ဦး၊ မြို့သာဇုံမှ (၂၅၉) ဦး၊ ငါန်းမြာဇုံမှ (-) ဦး၊ ခြင်္သေ့လက်ဇုံမှ (၁၀၉) ဦး၊ သားကျင်ဇုံမှ (၄၇၀) ဦး၊ ဂျိုဇုံမှ (၆၉) ဦး၊ သံဘိုဇုံမှ (၁၁) ဦး၊ ရေလည်သောင်ဇုံမှ (၁၀၀) ဦးနှင့် ကုလားရွာဇုံမှ (၂၅) ဦး မြို့နယ်အတွင်းဇုံ (၉) ဇုံမှ အသက် (၁၈) နှစ်နှင့် အထက်ပြည်သူများ စုစုပေါင်း (၁၁၈၄) ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ မတ် ၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ မြို့နယ်အတွင်း ဇုံ (၉) ဇုံမှ အမ အသုတ် ပထမအကြိမ် (၁၈၂၇၅) ဦး ထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

သတင်း - သက်နောင်ဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)