ပေါက်ခေါင်းမြို့၌ နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်လှစ်သင်ကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်ခေါင်းမြို့၌ နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်လှစ်သင်ကြား



MNP - မတ်   ၂၄

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ လူငယ်လူရွယ်များအနေဖြင့် အခြေခံအားကစားနည်းစနစ်များအား သိရှိတတ်မြောက်စေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေးတိုးတက်ကောင်းမွန်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ပေါက်ခေါင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"နွေရာသီအားကစားသင်တန်းမှာ မိမိနှစ်သက်ရာ ဝါသနာပါသည့် အားကစားနည်းအလိုက် အခြေခံနည်းစနစ်ကို စနစ်တကျတတ်မြောက်လာစေရန် မျိုးဆက်သစ်လူငယ်လူရွယ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ဒီနှစ်မှာဘောလုံး၊ ခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ် စတဲ့အားကစားနည်းတွေကို သင်တန်းနည်းပြတွေနဲ့ စနစ်တကျ သင်ကြားပေးသွားမယ်" ဟု မြို့နယ်အားကစားနှင့်ကာယပညာဦးစီးမှူး ဦးစိုးနိုင်က ပြောကြားသည်။ အဆိုပါနွေရာသီအခြေခံအားကစားသင်တန်းကို မတ်လ ၂၄ ရက်မှ ဧပြီ ၂ ရက်နေ့အထိ အခြေခံနည်းစနစ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - သန်းထွန်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)