ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၈) နှင့် အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၉) တို့၏ သင်တန်းဆင်း အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၈) နှင့် အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၉) တို့၏ သင်တန်းဆင်း အခမ်းအနားကျင်းပ


MNP ၊ မတ် ၁၈

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယ အကြီးအမှူး စီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၈)နှင့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ် (၉) တို့၏ သင်တန်းဆင်းအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ  ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ယနေ့နံနက် နံနက် ၈ နာရီတွင် ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ၊ ဝန်ထမ်းရေးရာဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးဇော်မိုးဝင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြားစီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ  ဦးသန်းဆွေက သင်တန်းဆင်းအမှာစကား ပြောကြားရာ အဆင့်မြင့် အရာရှိကြီးများသည် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်ရန် အဓိက ကျသည့်စီမံခန့်ခွဲမှုကဏ္ဍကို ဆောင်ရွက်နေကြသူများ ဖြစ်သည့်အတွက် သင်တန်းကရရှိခဲ့သောအတွေးအမြင်၊ အသိပညာဗဟုသုတများ၊ စီမံခန့်ခွဲ အုပ်ချုပ်မှု ပညာများအပေါ်အခြေခံပြီး မိမိဌာနအဖွဲ့အစည်းနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်စွမ်းသည့် ကဏ္ဍကနေ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုပါကြောင်း။ ထို့ပြင် အနာဂတ် မြန်မာနိုင်ငံ၏ စီမံအုပ်ချုပ်မှု ယန္တရားကြီးကို ကိုယ်တိုင်ဦးဆောင် မောင်းနှင်ကြရမည့်သူများ ဖြစ်သည့်အတွက် နိုင်ငံတကာနှင့် ရင်ပေါင်တန်းပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် စီမံအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည့်သူများလည်း ဖြစ်ပါကြောင်း။

နိုင်ငံနှင့်လူမျိုး တိုးတက်အောင်မြင်ရန် လူတိုင်းက မိမိတို့သက်ဆိုင်ရာနယ်ပယ်၊ ကျွမ်းကျင်ရာ နယ်ပယ် အသီးသီးတွင် ခေါင်းဆောင်စိတ်ဓာတ် မွေးမြူလျက် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြမှသာ နိုင်ငံနှင့်လူမျိုး တိုးတက်အောင်မြင်လာမည် ဖြစ်ပါကြောင်း၊ “ဝန်ထမ်းကောင်းမှ နိုင်ငံ ကောင်းမည်” ဟူသော ဆောင်ပုဒ်အတိုင်း မိမိတို့နိုင်ငံအား တိုးတက်အောင်မြင်စေရန် မိမိတို့ကဝန်ထမ်းကောင်း များအဖြစ် ကြိုးစားအားထုတ်ပြီး ကျရာအခန်းကဏ္ဍမှ နိုင်ငံ့တာဝန်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ထမ်းဆောင် သွားကြရန်နှင့်  ကျရာကဏ္ဍအလိုက် တာဝန်ကျေပွန်စွာ ထမ်းရွက်နိုင်ရုံမက စေတနာကောင်းများဖြင့်ပါ ပူးပေါင်း ဆောင်ရွက်ကြရန်၊ မိမိတို့လုပ်ငန်းတာဝန်များကို ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်နိုင်စွမ်း ရှိသူများ အဖြစ် အစဉ်ကြိုးပမ်း ထမ်းဆောင်ပြီး အနာဂတ်တွင် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးကောင်းများအဖြစ် နိုင်ငံ့တာဝန်များကို တိုးမြင့်ထမ်းဆောင်နိုင်ကြပါစေဟု ဆန္ဒပြုပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။

ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး သင်တန်းအမှတ်စဉ် (၈) သို့ သင်တန်းသား (၃၀)၊ သင်တန်းသူ (၁၂) ဦး၊ စုစုပေါင်း (၄၂) ဦးနှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ် (၈) သို့ သင်တန်းသား (၁၈) ဦး၊ သင်တန်းသူ (၁၉) ဦး၊ စုစုပေါင်း (၃၇) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၈) ပါတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)