ဟာဗားနား၊ မတ် ၂၃
ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် အကြီးဆုံး အကျိုးအမြတ်ရရှိသူများထဲတွင် အမေရိကန် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်း ပါဝင်ကြောင်း ကျူးဘား နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကဆိုသည်။
အမေရိကန်နိုင်ငံ၌ ဘိုင်ဒန်အစိုးရ သက်တမ်းစတင်ချိန်ကတည်းက အမေရိကန်သည် ယူကရိန်းနိုင်ငံသို့ လုံခြုံရေးအထောက်အပံ့အဖြစ် ဒေါ်လာ ၂ ဘီလီယံကျော်ကို ထောက်ပံ့ပေးခဲ့ပြီး ပြီးခဲ့သည့် သတင်းပတ်တစ်ခုတည်းမှာပင် ဒေါ်လာ ၁ဘီလီယံခန့်ရှိကြောင်းမီဒီယာများကသတင်းထုတ်ပြန်ခဲ့သည်။
ရုရှား-ယူကရိန်း ပဋိပက္ခ ဆက်လက်ဖြစ်ပွားလျက်ရှိရာ ကျူးဘားနိုင်ငံရေးလေ့လာသူက အဆိုပါအကြပ်အတည်းကြောင့် အကျိုးအမြတ်ကြီးစွာရရှိသူများထဲတွင် အမေရိကန် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းအပါအဝင်ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။
ကျူးဘားနိုင်ငံမှ နိုင်ငံရေးလေ့လာသုံးသပ်သူ ANTONIO RONDON က
“ရုရှားနိုင်ငံရဲ့ နယ်စပ်အနီးရှိနိုင်ငံတွေမှာ လက်နက်တပ်ဆင်ခြင်း၊ တပ်ဖြန့်ထားခြင်းအပြင် တစ်ချိန်က ဝါဆော ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ တဲ့ ဥရောပတိုက် အရှေ့ပိုင်း နိုင်ငံတွေကို ပေါင်းထည့်ကာ ရုရှားနိုင်ငံရဲ့ နယ်စပ်အနီးကို ရွေ့လျား ရောက်ရှိလာတဲ့ NATO ရဲ့လုပ်ဆောင်ချက်အားလုံးကို ရုရှားကဆန့်ကျင်ခဲ့ပါတယ်”
“မကြာသေးမီ နှစ်တွေက အဲဒီမှာ သိသာထင်ရှားစွာ တင်းမာမှုတိုးမြင့်ဖြစ်ပေါ်စေခဲ့တာကတော့ အဲဒီဒေသတွေမှာ အမေရိကန်နဲ့ နေတိုးက စစ်ရေးလေ့ကျင့်ခန်းတွေလုပ်ဆောင်နေရုံမကဘဲ ဘော်လ်တစ်ပင်လယ်နဲ့ ပင်လယ်နက်တွေမှာ အမေရိကန်နဲ့ နေတိုးရဲ့ လေကြောင်းနဲ့ရေကြောင်းတပ်ဖွဲ့တွေရဲ့ နယ်စပ်ဒေသတွေကို ရန်စတဲ့ ချဉ်းကပ်ခဲ့ မှုတွေ အပေါ်လည်း ရုရှားနိုင်ငံက ထပ်တလဲလဲရှုံ့ချခဲ့ပါတယ်”
“အခုလို လုပ်ဆောင်နေတဲ့ထဲမှာ တစ်ခုကတော့ အမေရိကန်ရဲ့အကျိုးအမြတ် နဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်၊ အဲဒါကတော့ စစ်ပွဲမှာ အရေးအကြီးဆုံးထုတ်ကုန်ဖြစ်တဲ့ လက်နက်တွေကို ထုတ်လုပ်နိုင်မှုဖြစ်ပါတယ်၊ ဒီပဋိပက္ခမှာ အမေရိကန်စစ်တပ်ပိုင်စီးပွားရေးဟာ အကျိုးအမြတ်များစွာကို ရရှိတဲ့အဖွဲ့အစည်းတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်”
“စစ်ပွဲမှာ ယူကရိန်းနိုင်ငံကို လက်နက်တွေ ကိရိယာတွေစတဲ့ အကူအညီတွေထောက်ပံ့ တာဟာ စစ်ပွဲကို အားပေးခြင်းနဲ့ ပိုမိုရှည်ကြာစေမယ့် နည်းလမ်းတစ်ခုဖြစ်စေပါတယ်၊ အမေရိကန် ဟာ ဆန့်ကျင်ဘက် အဖွဲ့တွေကို ကူညီပေးနေပြီး ဒါဟာ အမေရိကန် စစ်တပ်ရဲ့ရည်ရွယ်ချက်တစ်ခုဖြစ်တယ်လို့ ယူဆနိုင်ပါတယ်” ဟုပြောကြားခဲ့သည်။
Ref : (ဆင်ဟွာ)
https://t.me/MyanmarNationalPost

No comments:
Post a Comment