(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသား/အမျိုးသမီး ကိုယ်ကာယလေ့ကျင့်ရေးခန်းမ အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသား/အမျိုးသမီး ကိုယ်ကာယလေ့ကျင့်ရေးခန်းမ အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ



MNP - မတ်    ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ အမှတ်၊၃ နယ်မြေ ကိုးသိန်းအားကစားကွင်းတွင် အမျိုးသား/ အမျိုးသမီး ကိုယ်ကာယလေ့ကျင့်ရေးခန်းမ အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် နံနက် ၈ နာရီခွဲအချိန်၌ ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကိုယ်ကာယလေ့ကျင့်ရေးခန်းမ ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရပစ္စည်းများကို ကောင်းကျော်ကြားကုပ္ပဏီမှ MD ဦးဝေလင်းဖြိုးမှ ပေးအပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ လက်ခံရယူသည်။ ဆက်လက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်းတို့က အဆောက်အဦးသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ဖွင့်ပွဲအပြီးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အဆောက်အဦးသစ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ရာ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မိုးလွင်မှ ရှင်းလင်းတင်ပြခဲ့ ကြောင်းသိရသည်။

အဆောက်အဦသစ်ကို ၂၀၂၀-၂၀၂၁ ဘတ်ဂျက်တွင် ခွင့်ပြုရံပုံငွေ ကျပ်သန်း ၁၀၂.၉၆ သန်း  ဖြင့်အပြီးသတ် တည်ဆောက်ခဲ့ပြီး အဆောက်အဦအမျိုးအစားမှာ  RC နှစ်ထပ်ဆောင်ဖြစ်ပြီး  ၅၀x၃၀.ပေ ကျယ်ဝန်းကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)