မအူပင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ



MNP - မတ်   ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းသား/သူများအား လူငယ်ရေး ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ် ၁၁ နာရီက ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ကျောင်းသား/ သူများအသိပညာဖွံဖြိုး တိုးတက်စေရေး မအူပင်ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မော်မော်ခိုင်က စိတ်ဓာတ်ကောင်းမွန်ရေး၊ စည်းကမ်းကောင်းမွန်ရေး၊ ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေးခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ထို့နောက် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူးဦးကျော်မြင့်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ရာ မအူပင်မြို့ အမှတ်(၁) အခြေခံပညာ အလယ်တန်း ကျောင်းသား/ သူများက တက်ရောက်နားထောင်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲအပြီးတွင် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မြင့်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများအတွက် အသုံးပြုကစားနိုင်စေရန် အားကစားပစ္စည်းထောက်ပံပေးအပ်ခဲ့ရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်စိုးစိုးမော်က လက်ခံရရှိခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)