မိုင်းတုံမြို့၌ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး ခေါင်းစဉ်ဖြင့် ဟောပြောပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းတုံမြို့၌ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး ခေါင်းစဉ်ဖြင့် ဟောပြောပွဲဆောင်ရွက်




MNP - မတ်    ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊မိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်း၍ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ည‌နေပိုင်းက မြို့မအားကစားကွင်းရှိ အားကစားရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းတုံမြို့နယ်ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က  လူငယ်နှင့်စာရိတ္တ၊လူငယ်နှင့်ရည်မှန်ချက်၊မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်‌ ရေးခေါင်းစဉ် တို့ဖြင့် အနာဂတ်လူငယ်များ လူရည်ချွန်၊ လူရည်မွန်များစွာ ပေါ်ထွန်းလာစေရေးအတွက် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နွေရာသီကျောင်းပိတ်ရက် ရှည်ကာလတွင်  အချိန်ကိုအကျိုးရှိစွာအသုံးချတက်‌စေရန်၊ အခြားဗဟုသုတများရရှိစေရန် စာအုပ်စာပေများ လေ့လာဖတ်ရှုစေလိုကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် ဉာဏ်ရည်ထက်မြက်ပြီး အကျင့်စာရိတ္တများ ကောင်းမွန်ကာ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး နောင်တစ်ခေတ် ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာနိုင်ကြောင်း စသည့်တို့ကို အကျယ်တစ်ဝန်းဟော ပြောခဲ့သည်။

ဆက်လက်၍ မိုင်းတုံမြို့နယ်အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာနမှ တာဝန်ခံဦးကျော်ဇင်လတ်က အားကစားနှင့် ကာယပညာရည်မှန်းချက်များနှင့်အညီ  ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလရှည်တွင် အားကစားကို စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက်လာစေရေးနှင့်  မြန်မာ့အားကစား တိုးတက်မြင့်မားလာစေရန်၊ အားကစားနှင့်ပတ်သက်၍ သိကောင်းစရာများကိုလည်းကောင်း၊ အားကစားပြုလုပ်ခြင်း၏ ကောင်းကျိုးများ၊ အားကစားကို လေ့လာလိုက်စားခြင်းဖြင့် ကျန်းမာခြင်း၏ ကောင်းကျိုးများကို လည်းကောင်း အကျယ်တစ်ဝန်း ရှင်းလင်းပြောကြားပြီးနောက် လူငယ်များကို အားကစားပစ္စည်းများ လက်ဆောင်ပေးခဲ့ပြီး ကလေးများမှ အားကစားကွင်းတွင် ကာယအလှများဖြင့်‌ ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရှိရသည်။

သတင်း - ဝင်းဝင်းခိုင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)