ကသာမြို့တွင် “တောင်သူလယ်သမားနေ့”အထိမ်းအမှတ် မျိုးစေ့ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကသာမြို့တွင် “တောင်သူလယ်သမားနေ့”အထိမ်းအမှတ် မျိုးစေ့ပြပွဲ ကျင်းပ



MNP - မတ်   ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ယနေ့ နံနက် (၁၀) နာရီအချိန်က “တောင်သူလယ်သမားနေ့” အထိမ်းအမှတ် မျိုးစေ့ပြပွဲကို ကျင်းပပြုလုပ်ရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက “ကသာမြို့နယ် အတွင်းရှိ တောင်သူများ အနေဖြင့် မျိုးစေ့ထုတ်နည်းပညာများကို သိရှိနားလည်ပြီး မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးရောင်း ချနိုင်သည်အထိ ကြိုးစားလုပ်ဆောင်ရမည်”ဟု တောင်သူများအား မှာကြားခဲ့ကြောင်း သိရသည်။

မျိုးစေ့ပြပွဲတွင် ကသာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်စိုးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုလေးက “တောင်သူလယ်သမားနေ့” အထိမ်းအမှတ် မျိုးစေ့ပြပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက် များနှင့် ကသာမြို့နယ်တွင် မျိုးပွား၊ မျိုးသန့်စိုက်ပျိုးခြင်း လုပ်ငန်းအနေဖြင့် အောင်မြင်လျက် ရှိပြီး တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းနှင့် ပတ်သက်၍ လိုအပ်နည်းပညာများကို စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းပြီး ပူပေါင်းဆောင်ရွက်နိုင်ပါကြောင်း ပြောကြားခဲ့ သည်။

“တောင်သူလယ်သမားနေ့” အထိမ်းအမှတ် မျိုးစေ့ပြပွဲတွင် မြို့နယ်အတွင်း အဓိကစိုက်ပျိုးသော ဆန်စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ မျိုးစေ့များကို ပြသထားပြီး ကသာမြို့နယ်တွင် မိုး/နွေစပါး စိုက်ဧက (၄၈၅၉၁) ဧက၊ ပဲမျိုးစုံသီးနှံ (မိုး/ဆောင်း) (၃၄၃၇၇) ဧကနှင့် ဆီထွက်သီးနှံ (မိုး/ဆောင်း) (၇၄၀၄၆) ဧက စိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါမျိုးစေ့ပြပွဲကို စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ ဦးဆောင်မှု၊ ခရိုင်ဦးစီးမှူး ၏ ကြီးကြပ်ကွပ်ကွဲမှုဖြင့် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပင်းမလွတ်ကျေးရွာသစ် ဖွံ့ဖြိုးရေး အဖွဲ့တို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး မြို့နယ်စိုက်ပျိုးရေး၊ မွေးမြေူရေးကော်မတီအဖွဲ့ဝင် ဌာနများမှ တာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)