အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါ စရိယ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသ ဆရာတော် ဘုရားကြီး သက်တော်(၈၃)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာနှင့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ဂုဏဝိသိဋ္ဌ ပူဇော်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါ စရိယ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသ ဆရာတော် ဘုရားကြီး သက်တော်(၈၃)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာနှင့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ဂုဏဝိသိဋ္ဌ ပူဇော်ပွဲကျင်းပ






MNP ၊ မတ်  ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ရွာမအနောက် ရပ်ကွက်ရှိ ပရိယတ္တိစာသင်တိုက်၌ ရွာမပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက၊ နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ တိလောကဘိဝံသ ဆရာတော်ဘုရားကြီး သက်တော်(၈၃)နှစ်ပြည့် ဝိဇာတ မွေးနေ့ မင်္ဂလာနှင့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ဂုဏဝိသိဋ္ဌ ပူဇော်ပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် ပြုလုပ်ရာ သီတဂူဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိမဟာနာယက ရွေကျင်ဂိုဏ်းလုံးဆိုင်ရာ ဥပအဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မောင်ငံရပ်၊ မြစေတီ ရဲကျောင်းပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဝိနယ ပါဠိပါရဂူ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူ ဒါန်းကြသည်။ ထို့နောက် သီတဂူဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိမဟာနာယက ရွေကျင်ဂိုဏ်းလုံးဆိုင်ရာ ဥပအဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက သီတဂူဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူကြပြီး ရေစက်သွန်းချအမျှပေးဝေကြသည်။

ထို့နောက် အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသ မဟာထေရ်မြတ်၏ ဂုဏဝိသိဋ္ဌ ထပ်ဆင့်ဂုဏ်ပြု ပူဇော်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် တိုက်အုပ်နာယက ဆရာတော် ဘဒ္ဒန္တဇနိတာဘိဝံသက ကျေးဇူး တင်စကားမြွက်ကြားပြီး တက်ရောက်လာကြသူများက ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)