တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

 


MNP -  မတ်   ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ သမဝါယမ အသင်းစု လီမိတက်၏ (၁.၄.၂၀၁၉)မှ (၃၀.၉.၂၀၁၉)နေ့ထိ Mini Budgetနှင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က မေတ္တာလမ်းရှိ တောင်ဥက္ကလာပမြို့နယ် သမဝါယမအသင်းစု လီမိတက်ရုံး၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တောင်ဥက္ကလာပမြို့နယ် သမဝါယဦးစီးဌာနဥက္ကဋ္ဌ ဦးမြအောင်က မြို့နယ်သမဝါယမအသင်း၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် အသင်း၏ လုပ်ငန်းလည်ပတ်မှုများကို အရှိန်အဟုန်ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေး ကြိုးစား ပေးရန်  အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်နှင့် တောင်ဥက္ကလာပမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီး အရာရှိ ဦးခင်ဇော်တို့မှ လည်း အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် (၁.၄.၂၀၁၉)မှ (၃၀.၉.၂၀၁၉)နေ့ထိ Mini Budgetနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၏ အမှူဆောင်ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာ၊ ဘဏ္ဍာရေး ရှင်းတမ်းများ မြို့နယ်အသင်းဝင် ကိုယ်စားလှယ်များ အကြုံပြုချက်များကို ရှင်းလင်း တင်ပြခဲ့ကြသည်။

ဆက်လက်၍ (၁.၄.၂၀၁၉)မှ (၃၀.၉.၂၀၁၉)နေ့ထိ Mini Budgetနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၏ အမှူဆောင်ဒါရိုက်တာအဖွဲ့၏ အတည်ပြုချက်များ၊ မြို့နယ်အသင်းဝင် ကိုယ်စားလှယ်များ၏ ဆုံးဖြတ်ပေးရန်အချက်များမှ အတည်ပြုချက်ရယူခဲ့ကြကြောင်း သိရပါသည်။

အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်၊ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်အေသူမြင့်၊ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်အေး၊ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ အတွင်းရေးမှူး ဦးအေးကို၊ တောင်ဥက္ကလာပ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်ဇော်၊ တောင်ဥက္ကလာပ မြို့နယ် သမဝါယမဦးစီးဌာနမှ ဥက္ကဋ္ဌဦးမြအောင်နှင့် အဖွဲ့ဝင်များ၊ အသင်းဝင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်း - ဝင်းထက်ထက်အောင်

မြန်မာနေရှင်နယ်ပို့စ်



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)