ကယားပြည်နယ် အစိုးရအဖွဲ့မှ ဖားဆောင်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားစသည့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ကယားပြည်နယ် အစိုးရအဖွဲ့မှ ဖားဆောင်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားစသည့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း



MNP - မတ်    ၂၁

ကယားပြည်နယ်၊အစိုးရအဖွဲ့မှ ဖားဆောင်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ဆားစသည့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့က ဖားဆောင်းမြို့ တောင်ပေါ်တပ်ဦးကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော် အရှင်သူမြတ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်မြင့်ဦးနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများက “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာ့ အကျိုးတော်ဆောင်  တောင်ပေါ်တပ်ဦးကျောင်း ပဓါနနာယက ဆရာတော်ဘဒ္ဒန္တဇဝန အရှင်သူမြတ် ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆရာတော်သံဃာတော်များ ရွတ်ပွားသရစ္ဇျာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။

ထို့နောက် မြို့နယ်သံဃာ့အကျိုးတော်ဆောင် တောင်ပေါ်တပ်ဦးကျောင်း ပဓါနနာယက ဆရာတော် ဘဒ္ဒန္တဇဝန အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ပြီး ယနေ့အခမ်းအနားတွင် ဖားဆောင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၁၃)ကျောင်းအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ငါးခြောက်၊ စက်သုံးဆီတို့ကို လှူဒါန်းပေးခဲ့ရာ လှူဒါန်းမှုအနေဖြင့် စုစုပေါင်းတန်ဖိုး ကျပ် ၁၁၁၄၀၀၀ (တစ်ဆယ့်တစ်သိန်းတစ်သောင်းလေးထောင်)ဖြစ်ကြောင်း သိရသည်။

သတင်း - နန်းသဲနုအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)