နေပြည်တော်၌ ၂၀၂၂ ခုနှစ် မိုးကြိုစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်၌ ၂၀၂၂ ခုနှစ် မိုးကြိုစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ



MNP ၊ မတ် ၁၈

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နေပြည်တော်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပျဉ်းမနား မြို့နယ်ဘဏ်ခွဲမှ တောင်သူဦးကြီးများအား ၂၀၂၂ ခုနှစ် မိုးကြိုရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီ ဆက်လက်ထုတ်ချေးပေးလျက်ရှိသည်။


နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံစေရေး၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တောင်သူ လယ်သမားများ၏ စိုက်ပျိုးစရိတ်ထုတ်လုပ်မှု အထောက်အကူဖြစ်စေရေးအတွက် ၂၀၂၂ ခုနှစ် မိုးကြိုရာသီ စိုက်ပျိုးစရိတ်ချေးငွေ များကို စပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ အခြား သီးနှံ တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ တောင်ညိုအုပ်စု၊ ကျွန်ဦးအုပ်စု နှင့် မင်းကုန်းအုပ်စုတို့မှ တောင်သူ (၃၇) ဦးအား ချက်ကြံ ၁၄၈ ဧကနှင့် စပါး ၅ ဧက စုစုပေါင်း (၁၅၃) ဧကအတွက် ငွေကျပ်  ၁၅ ဒသမ ၅၅ သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


ပျဉ်းမနားမြို့နယ်ဘဏ်ခွဲ အနေဖြင့် ၂၀၂၂ ခုနှစ် မိုးကြိုရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယခင်နှစ် ၂၀၂၁ ခုနှစ် မိုးကြိုချေးငွေ ပြေကျေစွာပေးဆပ်ပြီးသူ တောင်သူဦးကြီးများသို့ ဦးစွာ ထုတ်ချေးပေးလျက်ရှိပြီး ကျေးရွာအုပ်စု ၃ အုပ်စု၊ တောင်သူ ၅၁ ဦး ၊ ချက်ကြံ ၁၅၁ ဧက နှင့် စပါး ၄၄ ဧက စုစုပေါင်း ၁၉၅ ဧကအတွက် ချေးငွေကျပ် ၂၁ ဒသမ ၇ သန်း ထုတ်ချေးထားပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်နှင့်မြို့နယ်ဘဏ်ခွဲ သုံးဘဏ်မှ ၂၀၂၂ ခုနှစ် မိုးကြိုရာသီ စိုက်ပျိုးစရိတ်ချေးငွေ များကို ကျေးရွာအုပ်စု ၈ အုပ်စု၊ တောင်သူ ၁၈၄ ဦး၊ စပါး ၄၄ ဧကနှင့် ချက်ကြံ ၆၇၃ ဧက စုစုပေါင်း စိုက်ဧက ၇၁၇ ဧကအတွက် ချေးငွေကျပ် ၇၃ ဒသမ ၉ သန်း ထုတ်ချေးထားပြီးဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)