မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေရေးဆိုင်ရာ ရှင်းလင်းခြင်းအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေရေးဆိုင်ရာ ရှင်းလင်းခြင်းအခမ်းအနားကျင်းပ


MNP ၊ မတ် ၁၈

ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုဆောင်ရွက်ရာတွင် ဘတ်/ကျပ် တိုက်ရိုက် အသုံးပြု ပေးချေရေး ဆိုင်ရာ ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီက Virtual Zoom Meeting ဖြင့် ကျင်းပသည်။


အခမ်းအနားသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ အတွင်းရေးမှူး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်း မှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြဝတီနယ်စပ် ကုန်သွယ်ရေး ကုန်သည်များအသင်းဥက္ကဋ္ဌ၊ ကျိုင်းတုံ-တာချီလိတ်နယ်စပ် ကုန်သွယ်ရေး ကုန်သည်များ အသင်းဥက္ကဋ္ဌ၊  မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ Designated Bank အဖြစ် ဆောင်ရွက်ခွင့်ပြုထားသည့် ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်နှင့် Kasikornbank Public Company Limited တို့မှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြားဘဏ်ခွဲများမှ တာဝန်ရှိသူများ၊ ပို့ကုန်/သွင်းကုန်ဆိုင်ရာ ကုန်သည်လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။


အခမ်းအနားတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုဆောင်ရွက်ရာတွင် ဘတ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေရေးဆိုင်ရာ ရည်ရွယ်ချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးပြီး၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု များ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ အတွင်းရေးမှူး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်က အမှာစကားပြောကြားသည်။


ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက ကုန်သွယ်မှု data များ မှန်ကန်ရေး၊ Market Exchange Rate ရရှိရေးတို့ကို ဆွေးနွေးပြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက တာချီလိတ် ကုန်သည်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် သိလိုသည့် အချက်များကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးချုပ်ရန်နောင်စိုးက ယခင်ဆောင်ရွက်ခဲ့သည့် ယွမ်/ကျပ် Process တွင်အခက်အခဲများ ကျော်လွှားခဲ့မှုနှင့် ထိုင်းဘတ်တွင်ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရှင်းလင်းသည်။


ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်း၊ ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဧရာဝတီတောင်သူ လယ်သမားများ ဖွံ့ဖြိုးရေးဘဏ်နှင့် Kasikornbank Public Company Limited တို့မှ တာဝန်ရှိသူများကဘဏ် လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးကြသည်။


ထို့နောက် အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က MACCS system တွင် ငွေကြေး အမျိုးအစားခွင့်ပြု ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အကောက်ခွန်ဦးစီးဌာနက ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေး သည်။


ယင်းနောက် ကုန်သည်လုပ်ငန်းရှင်များက ဘဏ်လုပ်ငန်းဆိုင်ရာ အစီအစဉ်များ၊ ငွေပေးချေမှု နည်းလမ်းများ၊ အဆိုပြုရမည့်ငွေလဲလှယ်နှုန်းများ၊ နယ်စပ်ကုန်သွယ်ရေးအတွက် ရယူရမည့် ကုန်သွယ်မှုဆိုင်ရာ အထောက် အထားများ၊ ဘဏ်စရိတ် နှုန်းထားများ၊ ငွေကြေးထောက်ပံ့မှု အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြပြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် တာဝန်ရှိသူများက အသေးစိတ်ရှင်းလင်း ဆွေးနွေးကြ သည်။


ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ရှင်းလင်းဆွေးနွေး တင်ပြချက် များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြီး၊ နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်း လိုက်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)