MNP ၊ မတ် ၁၈
တရုတ်နိုင်ငံမှ ပညာရှင်များ၏ အကူအညီဖြင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Myancopharm အား အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ရာ စတင်အသုံးပြုမည့် အချိန် သတင်းထုတ်ပြန်ပေးနိုင်ပါရန် မြန်မာနေရှင်နယ်ပို့စ်က ဆက်သွယ်မေးမြန်းခဲ့ရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Myancopharm အရေအတွက် Does (၁၀)သန်း ထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိပြီး ယခုနှစ် ဧပြီလတွင် ကျန်းမာရေးဝန်ကြီးဌာနသို့ ဖြန့်ဖြူးပေးသွားရန် ညှိနှိုင်းထားရှိပြီးဖြစ်ကြောင်း ဖြေကြားထားသည်။
နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရေတိုအစီအစဉ်အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Sinopharm CNBG နှင့် ပူးပေါင်း၍ ပုလင်းဖြည့်တင်းရန်အဆင့် ကာကွယ်ဆေး (RTF Bulk) ဝယ်ယူ၍ ပုလင်းသွင်း ဖြည့်တင်းခြင်း (Fill /Finished) ဆောင်ရွက်ခြင်းကို ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး)တွင် ၁-၃-၂၀၂၂ ၊ ၃-၃-၂၀၂၂၊ -၃-၂၀၂၂ နေ့များတွင် ဆောင်ရွက်ခဲ့ပြီး စမ်းသပ်ထုတ်လုပ်မှု အောင်မြင်ပြီးဖြစ်သဖြင့် ၂၃-၃-၂၀၂၂ ရက်နေ့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Myancopharm စတင်ထုတ်လုပ်ခြင်းနှင့် မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Sinopharm CNBG မှ ပညာရှင်များ၊ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ ပညာရှင်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားထားသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment