မြောင်းမြမြို့တွင် သဘာဝဘေးအန္တရာယ်ဖြစ်သော မုန်တိုင်းအန္တရာယ်ဘေး ကင်းစင်လာပြီဖြစ်ရာ ရုံးဌာနများ အလိုက် ရုံးပတ်ဝန်းကျင်များ သန့်ရှင်းစေရေးပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြမြို့တွင် သဘာဝဘေးအန္တရာယ်ဖြစ်သော မုန်တိုင်းအန္တရာယ်ဘေး ကင်းစင်လာပြီဖြစ်ရာ ရုံးဌာနများ အလိုက် ရုံးပတ်ဝန်းကျင်များ သန့်ရှင်းစေရေးပြုလုပ်ဆောင်ရွက်




MNP - မတ်   ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မုန်တိုင်းအင်အားလျော့နည်းလာပြီး မုန်တိုင်းဘေးမှ ကင်းစင်လာပြီဖြစ်ရာ  ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ ရုံးအနီးပတ်ဝန်းကျင်၌ ယမန်နေ့များက မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ လေပြင်းတိုက်ခတ်မှုကြောင့် ရုံးခြံဝန်းများအတွင်း သစ်ရွက်များကြွေကျခြင်း၊ သစ်ကိုင်း သစ်ခက်များ ကျနေခြင်းများရှိရာ ယနေ့နံနက်(၉:၀၀) နာရီအချိန်က သန့်ရှင်းရေး ပြုလုပ်ခြင်းများကို မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရုံးဌာနများအလိုက် သန့်ရှင်းရေးများ ပြုလုပ် ဆောင်ရွက် ခဲ့ကြသည်။

မုန်တိုင်းကြောင့် မြောင်းမြမြို့ပေါ်ရှိ ရုံးဌာနများတွင် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရပြီး  မြောင်းမြမြို့ပေါ်တွင် အပတ်စဉ် စနေနေ့တိုင်း ဌာနဆိုင်ရာ စုပေါင်းသန့်ရှင်းရေးအပြင် မိမိတို့ရုံးပတ်ဝန်းကျင် သန့်ရှင်းစေခြင်း လုပ်ဆောင်ချက်များကို ပုံမှန်သောကြာနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သတင်း - ခင်ရူပါအေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)