Pages

Pages

စစ်တွေမြို့၊ နယ်စပ်‌‌ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ အလယ်တန်းဆင့်‌ ကျောင်းသား‌‌ ကျာင်းသူများအား လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ






MNP ၊  မတ်၂၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊နယ်စပ်တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသငိတန်းကျောင်း ၌ မန်ကျည်းမြိုင်အထကခွဲ‌ကျောင်းမှ အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူများအား လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအားကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်မြတ်သူက အားကစားပြုလုပ်ခြင်းသည် အားမှကစားရခြင်းမဟုတ်ဘဲ ကျန်းမာကြံ့ခိုင်သောခန္ဓာရရှိစေရန် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ကြရမည်ဖြစ်‌ကြောင်း၊ ကျန်းမာခြင်းသည်လာဘ်တစ်ပါး၊ မြတ်ဆုဧကန်မှန်မှန်လှုပ်ရှား၊ လူတိုင်းအတွက်အားကစား‌‌ဆောင်ပုဒ်များ‌‌ နွေရာသီဖွင့်လှစ်မည့် သင်တန်းများတက်‌ရောက်ပြီး အားလပ်ချိန်ကို ကုန်ဆုံးကြရန်စ‌‌သော အားကစားနှင့် စိတ်ဓာတ်မြင့်မားရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်က လူငယ်တွေသည်နောင်တစ်ချိန်တွင် နိုင်ငံ့ပခုံးလက်လွှဲယူကြရမည့်လူငယ်များဖြစ်သည်နှင့်အညီ အကျင့်စာရိတ္တကောင်းမွန်မှန်ကန်ဖို့လိုပါကြောင်း၊ တန်ဖိုးရှိတဲ့လူငယ်တွေဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ မိမိတို့၏တိုင်းပြည်နှင့် လူမျိုးကိုချစ်ခင်တဲ့စိတ်ထား၍ အရေးကြုံလာရင်လက်ပိုက်ကြည့်မနေဘဲ အတူတကွပူးပေါင်းတာဝန်ယူကြတဲ့ စိတ်ဓာတ်ထားရှိကာ နိုင်ငံ‌သားတစ်ယောက်တာဝန်ကျေပွန်အောင် ကြိုးစားကြရမှာဖြစ်ကြောင်းစသည့် အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် တိုင်းချစ်ပြည်ချစ်စိတ်ထက်သန်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဦးသန်းလှိုင်က လူတစ်ဦး၌ အခြေခံအကျဆုံးသည် စိတ်ဓာတ်ဖြစ်ပါကြောင်း၊ စိတ်ဓာတ်ကောင်းမွန်မှ စည်းကမ်းကောင်းမွန်သော အနာဂတ်ခေါင်းဆောင်များဖြစ်လာမည်ဖြစ်ကြောင်း စိတ်ဓာတ်ကောင်းမွန်ရေးနှင့် စည်းကမ်းကောငိးမွန်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

ယင်းနောက် မန်ကျည်းမြိုင်အထကခွဲကျောင်းသို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်း(၁)စုံပေးအပ်ပြီး အားကစားသရုပ်ပြခြင်းအားပြသခဲ့သည်။ ဟောပြောပွဲသို့ မန်ကျည်းမြိုင် အထကခွဲ ကျောင်းက ကျောင်းသားကျောင်းသူ(၁၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

       

သတင်း - ဇူလိုင်ကြယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment