MNP ၊ မတ် ၂၁
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် (၄)မိုင်ရပ်ကွက် အတွင်း ရှိ နေအိမ် များ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင် များက ယမန်နေ့ နံနက်ပိုင်း က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးတင်စော ဦးဆောင်၍ တပ်ဖွဲ့ဝင်များ က (၄)မိုင် ရပ်ကွက် အတွင်းရှိ နေအိမ်များသို့ သွားရောက်ကာ ပြည်သူလူထု များ အနေဖြင့် မြို့နယ် အ တွင်း မီးဘေး အန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူလူထုများ၏ အသက် အိုးအိမ် စည်းစိမ်များ ဆုံးရှုံး မှုမရှိ စေ ရေး အတွက် မီးကို စနစ်တကျ အသုံးပြုစေရေး ၊ အမှိုက်သရိုက်များအား စနစ်တကျ စွန့် ပစ်ရေး ၊ ဆေး လိပ် သောက် သုံးသူ များဖြင့် ဆေးလိပ်ကို မီးမငြိမ်းသတ်ဘဲ မစွန့်ပစ်စေရေး၊ လျှပ်စစ်မီးအသုံးပြုသူ မိဘ ပြည်သူများ အ နေဖြင့် မိမိတို့ နေအိမ် များရှိ လျှပ်စစ်ဝါယာ ကြိုးများ ပေါက်ပြဲမှုရှိမရှိ ၊ လျှပ်စစ်ဝါယာကြိုးများ ၊ မီးပလက် ပေါက်များ ဟောင်းနွမ်းနေ ပါက လည်း သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်း များ ဖြင့် လဲလှယ်တပ်ဆင် အသုံး ပြုစေရေး၊ ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းချက် ပြုတ်သူများ အနေဖြင့် မီးကြွင်း၊ မီးကျန် များကို စနစ်တကျ မီးငြိမ်းသတ်စေရန် နှင့် နေ အိမ်များတွင်လည်း မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ ၊ရေ ကန် များ၌ ရေများ ဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်းနှင့် မတော်တဆ မီးလောင်မှု ဖြစ်ပွားပါကလည်း သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနသို့ ချက်ချင်းသတင်း ပေး ပို့ချပါရန် ကွင်းဆင်းစစ်ဆေး အကြံပြု လမ်းညွန်မှာ ကြားခဲ့ကြကြောင်းသိရသည်။
သတင်း - အောင်ကျော်စိန်၊ သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment