MNP ၊ မတ်၂၁
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်လင်းထွန်း ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ယနေ့ နေ့လည်(၈)နာရီ အချိန်မှ(၁၁)နာရီအချိန်အထိ အမှတ်(၄)ဈေးတောင်ရပ်ကွက်အတွင်းရှိ နေအိမ်များ သို့သွားရောက်၍ မီးဘေးလုံခြုံရေးရှိစေရန် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး၍ အသိပေးနှိုး ဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ယခုအချိန် ပွင့်လင်းရာသီရောက်ရှိလာသဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်အတွင်း နေထိုင်ကြသည့် မိဘပြည်သူများ မီးဘေးလုံခြုံရေးအတွက် မိမိနေအိမ်၊ ပတ်ဝန်းကျင်တွင် ချက်ပြုတ်သုံးစွဲသည့် လျှပ်စစ်မီး၊ မီးဖိုများမှ မီးလန့်မှုများ၊ မီးလောင်မှုများ မဖြစ်ပွားမပေါ်ပေါက်အောင် မီးကိုအထူးသတိပြု၍ ချက်ပြုတ် သုံးစွဲကြရန်၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက်ထားရှိအပ်သော ရှေးဦးမီးငြိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဗူးများအား အသင့်တပ်ဆင် ထားရှိကြရန်၊ မီးသတ်ဆေးဗူးများ ဟောင်းနွမ်းနေပါက အသစ်လှဲလှယ်တပ်ဆင်ကြရန် တစ်အိမ် တက်ဆင်း ကွင်းဆင်းစစ်ဆေးကာ အသိပေးနှိုးဆော်ခဲ့ကြကြောင်းသိရှိရသည်။
သတင်း - စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment