MNP မတ် ၂၁
သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း ရှိဒေသခံပြည်သူများ လျှပ်စစ်ဓါတ်အားချွေတာသုံး စွဲနိုင်ရေးအသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်း က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်၌ ပြသဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အဆိုပါလျှပ်စစ်ဓါတ်အား ချွေတာသုံးစွဲရေး နံရံကပ်စာစောင်တွင် ပြည်သူ များ အနေဖြင့် လျှပ်စစ်ဓာတ်အား အသုံးပြုရာ၌ သိရှိလိုက်နာရမည့်အချက်များဖြစ်သော ပြင်ပအလင်းရောင်ကို အသုံးပြုပါ၊ အိမ်တွင်းလျှပ်စစ်မီးများကို လျှော့သုံးပါ၊ တစ်အိမ်လုံးတွင် မည်သူမှမရှိနေချိန်၌ မလိုအပ်သော လျှပ်စစ်အသုံး ပြုမှုအားလုံးကို ပိတ်ခြင်းဖြင့် လျှပ်စစ်ကို ချွေတာသုံးစွဲပါ၊ နားထောင်သူ မရှိလည်း အခွေဖွင့်စက်သုံး၍ တီဗွီဖြင့် သီချင်းခွေများ အချိန်ပြည့်ဖွင့်ထားခြင်းကို ဆင်ခြင်ခြင်းဖြင့် လျှပ်စစ်ကိုချွေတာပါ၊ ညအချိန် အိပ်နေချိန်တွင် လျှပ်စစ်မီးများပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို နေ့စဉ်ချွေ တာသင့်ပါကြောင်း၊ ရေပြည့်သည်နှင့် ရေတင်စက်ကို အလိုအလျောက်ရပ်စေ မည့်စနစ်အား အသုံးပြုခြင်း၊ လူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဲကွန်းများကို နာရီပေါင်းများစွာ ဖွင့်ထားခြင်းက မီတာခ ပိုကျစေပါ၍ အသုံးလိုမှ ၂၅ ဒီဂရီ စင်တီဂရိတ်ခန့်သာထားရှိ အသုံးပြုသင့်ကြောင်း၊ ရိုးရိုးမီးချောင်း၊ မီးလုံးများအစား Energy Save Lamp များကို သုံးစွဲပါ၊လမ်းမီးများ၊ခြံတွင်းမီးများကို နေရောင်ခြည်သုံး LED မီးစနစ် များဖြင့် အတတ်နိုင်ဆုံး အသုံးပြုပါ စသည့်လျှပ်စစ်ဓာတ်အားကို ချွေတာနိုင်သည့် နည်းလမ်းများကို ဖော်ပြပေးထားကြောင်း သိရှိရသည်။
သတင်း - ထူးနောင် (ဘီးလင်း )
https://t.me/MyanmarNationalPost
No comments:
Post a Comment