MNP ၊ မတ် ၂၁
ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂ခုနှစ်အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနားကို မတ်လ(၂၁)ရက်နေ့ နံနက်(၁၀)နာရီ တွင် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှပေးပို့သော အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးမျိုးမင်းစိုးမှဖတ်ကြားခဲ့ပြီး ၂၀၂၂- ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ် သစ်တောပြုစုထိန်းသိမ်းခြင်းနှင့်ပက်သက်သည့်မှတ်တမ်းဗွီဒီယိုကလစ်အားကို ပြသခဲ့ ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊သစ်တောဦးစီးဌာနဝန်ထမ်းများ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊လူမှုရေးအသင်းအဖွဲ့များတက်ရောက်ကြကြောင်းသိရသည်။
သတင်း - သန်းသန်းမော်(ကျိုက်ထို)
https://t.me/MyanmarNationalPost
No comments:
Post a Comment